အပိုင်း -- ၃၆

6.9K 617 50
                                    

𝙐𝙣𝙞𝙘𝙤𝙙𝙚

ရင်တွေပူလောင်ကာ သူ့ကိုဆုံးရှုံးရမှာကြောက်လန့်လွန်းလှသဖြင့် ခွန်း အခန်းပေါက်ဝလေးမှာထိုင်၍ မိုးလင်းခဲ့ရသည်။ငိုရလွန်းသောကြောင့် မျက်လုံးတွေလည်း ကျိန်းစက်နေလေပြီ။

မိုးစင်စင်လင်းသွားပြီဆိုတာ အခန်းပြတင်းပေါက်ဝကိုဖြတ်၍ မျက်နှာတည့်တည့်ထိုးလာသောနေရောင်ကြောင့် သိလိုက်ရသည်။ ခွန်း ယိုင်နဲ့စွာထိုင်ရာမှထမိတော့ တစ်ညလုံးပြိုလဲခဲ့သောစိတ်ခန္ဓာကြောင့် ခြေချောင်းတို့ပင်မလှုပ်ရှားချင်။

"ဒေါက်....ဒေါက်...."

"ခွန်းလေးရေ....နိုးပြီဆိုရင် အောက်မှာဧည့်သည်တွေအတွက် မနှင်းကိုကူပြင်ပေးလိုက်ပါဦး။မေမေဘုရားဝတ်ပြုပြီးရင် ဆင်းလာခဲ့မယ် "

အခန်းတံခါးခေါက်သံနောက်မှာ ဆက်လျက်ပေါ်လာသော မေမေ့အသံကြည်ကြည်ဟာ ခွန်းရဲ့ကြောက်စိတ်ကို လောင်စာဖြည့်ပေးလိုက်သလိုပင်။
သူ့ကိုအမှန်တကယ်ပင် ဆုံးရှုံးလိုက်ရပြီဆိုသော အသိတို့ကြောင့်မျက်ရည်များက ကျဆင်းလာပြန်သည်။
လှုပ်ရှားမှုတစုံတရာမပြုလုပ်မိပါဘဲ နေရာမှာပင်ခြေစုံရပ်နေမိ၏။

"ဧည့်သည်တွေရောက်လာကြပြီဦးလေး "

အခန်းအပြင်ဘက်မှ ကြားလိုက်ရသောအသံကြောင့် ခွန်း ခြေလှမ်းတို့ကို တံခါးနားဆီအားတင်း၍လျှောက်မိ၏။အခန်းတံခါးကိုညင်သာစွာဖွင့်လိုက်မိသည့်အခါ လှေကားမှဆင်းသွားသော​ ဖေဖေ့ကျောပြင်ကိုမြင်ရသည်။

ခွန်း အသက်ကိုဝဝရှူ၍ အခန်းထဲပြန်ဝင်ကာ မျက်နှာသစ်အဝတ်အစားလဲသည်။
ထို့နောက် ဂုဏ်သရေရှိလှပါသော ဆရာဝန်ကြီး၏မိသားစုထိုင်နေရာ ဧည့်ခန်းဆီသို့ တစ်လှမ်းချင်းစီလှမ်းလျှောက်လာခဲ့သည်။

ထိုင်ခုံမှာဝင်မထိုင်သေးဘဲ ခံစားချက်ကင်းမဲ့နေသောမျက်လုံးတို့နှင့် ဧည့်ခန်းထဲမှာရှိနေသောလူအကုန်ကို မျက်လုံးဝေ့ကြည့်လိုက်မိ၏။ဦးမင်းနောင်တို့ မိသားစုသုံးယောက်နှင့် ခွန်းမသိသောလူကြီးနှစ်ဦးက ပြုံးရွှင်နေသောမျက်နှာထားများဖြင့် ဖေဖေနှင့်စကားပြောနေကြသည်။

ကိုယ်ရွေးချယ်သည့် ကံ حيث تعيش القصص. اكتشف الآن