အပိုင်း -- ၂၀

7.6K 621 31
                                    

𝙐𝙣𝙞𝙘𝙤𝙙𝙚

🍃🍀

"အစ်မရဲ့ရင်ခုန်သံတွေအရမ်းမြန်နေတယ်။လမင်းကိုမညာတမ်းဖြေပေးပါ။အစ်မနှလုံးခုန်မြန်နေတာက လမင်းကြောင့်မလား။ကိုစစ်မင်းနောင်ထက် လမင်းက အစ်မကိုပိုရင်ခုန်စေတယ်မလား "

မေးခွန်းတိုင်းမှာအဖြေရှိသင့်ပါရဲ့လား။သူမေးခဲ့သမျှမေးခွန်းတွေကို အမှန်အတိုင်းဖြေချင်ပါ၏။ရင်ခုန်သံတွေကို သိုဝှက်ကာညာမိလျင် ကြုံလာရမည့်တုံ့ပြန်မှု၊ဝေးကွာသွားမည့်အကွာအဝေးတွေကို သူမအမှန်တကယ်ခံနိုင်ရည်ရှိမည်မထင်။သို့ပေမယ့် သူမမှာ သူ့ကိုရွေးချယ်ဖို့ရာအားအင်မရှိ။

"အင်း....ကိုယ့်ရင်ခုန်သံတွေအရမ်းမြန်နေတယ်။ကိုယ့်ကိုမပြောပြဘဲ မေမေတို့က မင်းကို မိသားစုဝင်အဖြစ်သတ်မှတ်လိုက်တော့အရမ်းအံ့သြပြီး ရင်ခုန်သံတွေမြန်နေရတာဘာလို့ဆို မင်းကကိုယ့်ညီမလေးဖြစ်နေပြီလေ"

ခါးထက်မှလက်သွယ်တို့ ပြေလျော့သွားလေပြီ။သူမပြောလိုက်သည့်စကားများဟာ သူမျှော်လင့်ထားသည့်စကားများမဟုတ်သည်မှာ သူ့မျက်နှာထက်ပေါ်လွင်နေသည်။

"ကိုယ်တို့တွေ ရင်းရင်းနှီးနှီးနေကြရအောင်လားလမင်း။ညီအစ်မတွေလိုလေ "

"အစကတည်းက ညီအစ်မလိုနေချင်ခဲ့ရင် ဘာလို့မျှော်လင့်ချက်တွေပေးခဲ့သလဲ။ဘာလို့အရာအားလုံးရင်ဖွင့်ခဲ့သလဲ။ဘာလို့ ပစ်ပစ်ခါခါမငြင်းခဲ့ရသလဲ.....ပြောလေ....!!!!...."

ငြိမ်သက်နေသည့်ရေပြင်မှာ ရုတ်ချည်းမုန်တိုင်းတိုက်ခတ်လာသကဲ့သို့ အပြုံးတို့နှင့်သူ့မျက်နှာထက်မှာ နာကျင်မှုပုံရိပ်တွေကတဖြည်းဖြည်းနေရာယူလာကြပြီ။ခွန်းသူ့ကိုကြည့်၍ ဘာဆက်ဖြေရမလဲမသိတော့။

"တကယ်လို့ ကိုယ်ကမင်းအချစ်ကိုလက်ခံခဲ့ရင် ဘာဆက်ဖြစ်မှာလဲ "

"ဟင်"

သူမမေးခွန်းမှာ သူအဖြေမဲ့သွားသည်ထင်၏။သူမရွေးချယ်မှုတို့ကို သူ့ဘက်ကအသာတကြည်လက်မခံနိုင်သည့်အခါ လက်တွေ့ကိုမြင်သာအောင်ပြရမည်မလား။

"တကယ်လို့ မင်းအချစ်ကို ကိုယ်လက်ခံခဲ့ရင် အခုလိုမျိုး မိသားစုအဖြစ်တည်ရှိနေနိုင်မှာမဟုတ်ဘူး။ဖေဖေတို့ဖြစ်စေချင်သလို မင်းက ကိုယ့်ရဲ့ညီမဖြစ်မလာဘဲ သူစိမ်းသက်သက်ဖြစ်သွားမှာ။ပြီးတော့ မင်းနဲ့ကိုယ်နဲ့ကိစ္စကို ဖေဖေတို့သိသွားခဲ့ရင် အေးအေးဆေးဆေးလက်ခံပေးမှာမဟုတ်ဘူး။အဓိကပြဿနာက...."

ကိုယ်ရွေးချယ်သည့် ကံ Where stories live. Discover now