အပိုင်း -- ၂၅

7.7K 633 38
                                    

𝙐𝙣𝙞𝙘𝙤𝙙𝙚

ကုပ်အထက်ဝဲကျနေသောဆံပင်လေးများကို မစည်းနှောင်ပါဘဲ မြန်မာဝတ်စုံလေးနှင့်။သူ့ပါးပြင်ထက်မှာတော့ ထူးထူးခြားခြားသနပ်ခါးပါးကွက်ကလေးက မင်းမူနေ၏။ခြေဖဝါးထက်မှာတော့ ဖြူဖွေးသောသူ့အသားရောင်နှင့်လိုက်ဖက်လှစွာ ကြိုးသိုင်းဖိနပ်အသားရောင်လေးက သိပ်ကိုပနံတင့်နေသည်။

"သွားကြတော့မလားလမင်း "

သူမမေးခွန်းကို သူကခေါင်းညိတ်အဖြေပေးသည်။
အန်တီမြတ်မေ၏တစ်လပြည့်ကို ဘုရားမှာကုသိုလ်လုပ်ချင်သည်ဆိုသော သူ့ဆန္ဒကြောင့် ဘုရားကြီးသို့သွားရန် နှစ်ဦးသားဆုံးဖြတ်လိုက်ကြသည်။

မနက်ခုနစ်နာရီမျှသာရှိသေးသဖြင့် လမ်းကအရမ်းမရှုပ်ပေ။ကားကိုဂရုစိုက်ကာမောင်းနေသော သူ့မျက်နှာလေးကို ခွန်းမျက်လုံးမလွှဲနိုင်အောင်ကိုပင် ငေးကြည့်နေမိသည်။
ပါးပြင်ထက်ခပ်ပါးပါးတည်ရှိနေသည့် ပါးကွက်ကလေးနှင့် လိုက်ဖက်လွန်းလှသော အချိုးအစားပြေပြစ်လှသည့် သူ့အလှတွေဟာ တကယ်ကိုပင်။အမျိုးသမီးတစ်ယောက်အဖြစ် ပြောင်းလဲလာနေပြီဆိုတာပေါ်လွင်စေသည်။

"နမ်းချင်လား..... "

ရုတ်တရက်မေးလိုက်သောသူ့မေးခွန်းမှာ သူမမျက်နှာပူလာရ၏။ဒီရက်ပိုင်းမှာ သူ့ကိုငေးကြည့်မိတိုင်း ထိုမေးခွန်းကိုသာခဏခဏအမေးခံရသည်။

"ဘာလို့နမ်းရမှာလဲ "

"မပြောတတ်ဘူးလေ။အစ်မက လူကိုမျက်တောင်မခတ်စတမ်းငေးနေတာဆိုတော့ ဟောဒီကပါးပြင်လေးကိုများ နမ်းချင်နေတာလားလို့ "

သူ့ပါးကိုလက်ထောက်ကာ ပြုံးစစနှင့် သူမကိုကြည့်၍ပြောလာသည့်အခါ ရှက်စိတ်ကြောင့် ကားမောင်းနေသည့်သူ့လက်မောင်းကို ခွန်းအသာရိုက်မိသွားသည်။

"ဖြစ်ချင်တာတွေပြောမနေနဲ့။ကားကိုသာသေချာမောင်း။ပြီးတော့ ကိုယ်မျက်တောင်ခတ်ပါတယ်နော်။မင်းသာ ကားမောင်းနေလို့မမြင်တာကို "

ထိုစကားအဆုံးမှာတော့ သူကမိန်းကလေးဆန်စွာ တဟားဟားအော်ရယ်သည်။
တကယ်ကိုပါပဲ ထိုကလေးက။သူမကိုရင်ခုန်အောင် မထိတထိအမြဲစနေတော့၏။ရှက်စိတ်ကြောင့် မျက်နှာကို ကားမှန်ဘက်ကပ်၍ လမ်းမတစ်လျှောက်ကိုသာ ငေးနေလိုက်သည်။
ဒါကိုပင် အပျိုကြီးမမရှက်သွားပြီလို့ရယ်အစခံရသေး၏။

ကိုယ်ရွေးချယ်သည့် ကံ Where stories live. Discover now