အပိုင်း -- ၃၄

6.9K 584 65
                                    

𝙐𝙣𝙞𝙘𝙤𝙙𝙚

ပတ်သက်မှုတွေဟာ အဆင့်တွေတိုးမြင့်သွားခဲ့ပေမယ့် ယခုအချိန်အထိ မေမေ့ကိုအကြောင်းစုံဖွင့်မပြောပြရသေး။ဖေဖေကလည်းမပြောသလို ခွန်းကလည်းနှုတ်ဆိတ်နေမိသည်။

ကျောင်းပြီး၍ ပြန်ရောက်လာကတည်းက လမင်းဟာ ဖေဖေ့လုပ်ငန်းကိုလေ့လာကူညီနေရသလို ခွန်းမှာလည်း ကော်ဖီဆိုင်ဘက်ကိုပင် အချိန်ပြည့်အာရုံမစိုက်နိုင်။မေမေ့ဆိုင်ကိုသာ သေချာအာရုံစိုက်လုပ်ရတော့၏။

"အစ်မ....ညနေကျရင်ဆိုင်မှာပဲတွေ့မှာမလား "

မနက်ခင်း အလုပ်သွားဖို့ရာပြင်ဆင်နေသည့်ခွန်းအခန်းထဲကို သူကရောက်လာသည်။မှန်ထဲမှာမြင်နေရသည့် အနက်ရောင်ဂျင်းလက်ရှည်အပါးလေးနှင့် ဂျင်းဘောင်းဘီရှည်ကို တွဲဖက်ဝတ်ဆင်ထားသော သူ့ပုံစံကြောင့် ကုမ္ပဏီသွားဖို့ရာအတွက် ပြင်ဆင်ပြီးစီးသွားပြီဆိုတာ ခွန်းသိလိုက်သည်။

အနည်းငယ် လည်ဟိုက်ချင်နေသောအင်္ကျီကို လခြမ်းပုံငွေမျှင်ရောင်လည်ဆွဲလေးကိုဝတ်ပြီး ပြင်ဆင်ခြင်းကို ခွန်းလက်စသတ်လိုက်သည်။သူကတော့ တံခါးမှာမှီ၍လက်ပိုက်ရပ်ကြည့်နေ၏။

ဆံပင်ကို အမြဲတမ်း ပခုံးအထက်အရှည်သာထားသောသူ့ကို ဆံပင်ရှည်ထားရန် ခွန်းမည်သို့မှပြော၍မရ။ကုတင်ပေါ်တင်ထားသည့် ပိုက်ဆံအိတ်နှင့်ဖုန်းကိုကောက်ယူ၍ သူ့အနားလျှောက်လာသည့်အခါ သူ့နှုတ်ခမ်းပါးကပြုံးရိပ်သမ်းလာသည်။

"ဆွဲကြိုးကိုကျ မမေ့မလျော့အပါခေါ်တယ်နော်...လူကလေးကိုရောမခေါ်ချင်ဘူးလား "

သူကအပြုံးတို့နှင့် ရွတ်နောက်နောက်ပြောလာသည့်အခါ ခွန်းသူ့နှဖူးလေးကိုတစ်ချက်နမ်း၍ ခေါင်းရမ်းပြီး

"မခေါ်ချင်ပါဘူး....ရှင်လေးကကျွန်မထက်တောင်ပိုအလုပ်ရှုပ်သေးတာကို....ညနေကျရင်သာ မပျက်မကွက်ဆိုင်ကိုအရောက်လာခဲ့ "

ထိုမျှသာပြောပြီး ခွန်းအခန်းထဲမှထွက်လာခဲ့သည်။

တကယ်တမ်း သူပြန်ရောက်လာသည့်အခါ ခွန်းနှင့်သူ အေးအေးဆေးဆေးတွေ့ရသည့်အချိန်ဟာ အရမ်းကိုနည်းပါးသွားခဲ့သည်။နှစ်ဦးစလုံး တနေကုန်အလုပ်ကိစ္စတွေနှင့်သာလုံးပန်းနေရ၏။

ကိုယ်ရွေးချယ်သည့် ကံ Where stories live. Discover now