အပိုင်း -- ၂၇

7K 581 90
                                    

𝙐𝙣𝙞𝙘𝙤𝙙𝙚

စာဖတ်ဆောင်ထဲမှာ သူထိုင်နေသည်ကိုသိလျက်နှင့် ဂရုမစိုက်သလို စာရင်းတွေကြားမှာ အလုပ်ရှုပ်ချင်ယောင်ဆောင်နေသည့် အစ်မပုံစံကြောင့် လမင်းထိုင်ရာမှထ၍ သူမစားပွဲရှေ့မှာခြေစုံရပ်လိုက်သည်။သို့ပေမယ့်မော့၍ပင်ကြည့်မလာ။

"ဒီလိုကြီးကျ အရမ်းလွန်လွန်းတယ်မထင်ဘူးလားအစ်မ "

တစ်ချက်မော့ကြည့်ပြီးသည်နှင့် စာရင်းစာရွက်တွေဆီကိုသာ သူမအကြည့်ပြန်ရောက်သွား၏။

"အစ်မ....တကယ်ပဲဘာဖြစ်နေတာလဲ။ပြန်ရောက်လာတဲ့လူကို အမောဆို့အောင်နှိပ်စက်နေတာလား "

"ကိုယ့်ကိုမြင်ပြီးမှ မင်းကအမောဆို့ပြီး စိတ်မကြည်နေတာမဟုတ်ဘူးလား။ဟင်....ပြောစမ်းပါ "

လေပြည်အေးလေးနှင့် အစ်မနှုတ်ခမ်းပါးမှခုန်ထွက်လာသည့်စကားတွေကို သူနားမလည်။မကြည်လင်နေသည့်စိတ်ဟာ ပိုမိုနောက်ကျိကာ ဒေါသထွက်ချင်နေလေပြီ။

"အစ်မရဲ့အခုလိုအေးတိအေးစက်၊မထီမဲ့မြင်ပုံစံကြောင့် အမောဆို့နေရတာလေ။ဘာဖြစ်နေတာလဲအစ်မရာ ပွင့်ပွင့်လင်းလင်းပြောစမ်းပါ "

သူ့ဘက်ကစိတ်ကိုလျော့လိုက်ကာ အသာတကြည်မေးမိတော့ သူမက ထိုင်ရာမှထကာ ခြံထဲကိုမျက်နှာမူ၍ သူ့ကိုကျောခိုင်းရပ်သည်။

"ကိုယ်ဘာကိုစိတ်မကြည်နေသလဲဆိုတာ မင်းနည်းနည်းလေးမှမရိပ်မိဘူးလား"

မေခွန်းမေးပြီး သူ့ကိုလှည့်ကြည့်လာသည့်အစ်မကို ခေါင်းသာရမ်းပြမိသည်။

"မိန်းကလေးဖြစ်ပြီး မိန်းကလေးတစ်ယောက်ရဲ့စိတ်ကိုမသိဘဲနဲ့များ ရည်းစားထားနေသေးတယ် လမင်းထက်သာရယ် "

ထိုသို့ပြောတာတော့ သူလက်မခံချင်ပါ။အစ်မစိတ်ကောက်နေသည်ဆိုတာကို သူသိနေတာပဲမလား။ဘာကိုကောက်နေမှန်း မသိတာလေးတစ်ခုသာ။

"ထားပါတော့လေ ပြောလည်းနားလည်မှာမှမဟုတ်ဘဲ။ကဲပြောစမ်းပါဦး ဖေဖေ့ကိုတောင်မစောင့်နိုင်ဘဲ ခေတ်သွေးမာန်နဲ့နှစ်ယောက်တည်း ပြန်လာရတဲ့အကြောင်းပြချက် "

ကိုယ်ရွေးချယ်သည့် ကံ Where stories live. Discover now