အပိုင်း -- ၁၆

6.8K 587 39
                                    

Unicode

🍀🌹

"ပြန်လာမယ်ဆိုတာ ကိုကို့ကိုကြိုပြောတာမဟုတ်ဘူးခွန်းလေးရယ် ကိုကိုကိုယ်တိုင်လာကြိုမှာပေါ့ "

ရုံးခန်းထဲဝင်ကတည်းက သူမလက်ကိုမလွှတ်တမ်းဆုပ်ကိုင်ကာ တစ်ဖွဖွပြောဆိုနေသော ကိုကို့စကားလုံးတွေကို တုံ့ပြန်ပြောဖို့ရာအားမရှိ။ဟန်ဆောင်ပြုံးလေးတစ်ခုကိုသာ နှုတ်ခမ်းပါးထက် မပျောက်ပျက်အောင်ရင်ထဲကအပူတို့ကိုမျိုသိပ်၍ ကြိတ်မှိတ်ပြုံးနေရသည်။

"ဟို......ခွန်းအခုလာတာက လမင်းအခြေအနေကိုသေချာသိချင်လို့ပါ......တာဝန်ခံဆရာဝန်က ကိုကိုဆိုလို့ "

ကိုကိုကမဖြေသေးဘဲ သူမလက်ဖဝါးတို့ကိုဆုပ်ကိုင်ကာ သူမကိုကြည့်နေသည်။ခွန်းလည်း သူ့ကိုနားမလည်သလိုကြောင်ကြည့်နေမိ၏။ခဏအကြာမှသူကသူမလက်ကိုလွှတ်၍ထိုင်ရာမှထသည်။ထို့နောက်ရေခဲသေတ္တာဆီသွားကာ ရေတစ်ဗူးကိုထုတ်ယူပြီးဖောက်၍ သူမကိုကမ်းပေးသည်။

"ရေလေးအရင်သောက်လိုက်အုံး ခွန်း......ညီမလေးက အရမ်းကြီးစိတ်ပူစရာမလိုတော့ပါဘူး"

ထိုစကားကြောင့် ခွန်း တံတွေးတစ်ချက်မျိုချလိုက်၍ သူကမ်းပေးလာသောရေဗူးကို အသက်မရှူစတမ်း မော့ကာသောက်လိုက်သည်။

"လမင်းအခြေအနေက သိပ်ကြီးစိုးရိမ်စရာမရှိတော့ပါဘူး။အသည်းကိုထိခိုက်သွားတာကတော့ auto repair ပြန်ဖြစ်တယ်လေ။တစ်ခုပဲ အခုကနေစပြီး နှစ်နှစ်သုံးနှစ်လောက်အတွင်း တတ်နိုင်သမျှ အဆီနဲ့ alcohol ကိုရှောင်ပေးရမယ်။မဟုတ်ရင် အသည်းက သူ့ရဲ့ကာကွယ်နိုင်မှုစွမ်းအားလျော့ကျသွားတဲ့အခါ cancer အဆင့်ထိဖြစ်သွားမှာစိုးလို့ "

မျက်နှာချင်းဆိုင်ခုံမှာထိုင်ရင်း သေချာရှင်းပြနေသောကိုကို့စကားများကို သူမ စိတ်ဝင်တစားနားထောင်မှတ်သားနေမိသည်။

"ဒီလောက်ပဲလား "

"အင်း.....ဒီလောက်ပဲလေ....နံရိုးတစ်ချောင်းကျိုးသွားတာကကျတော့ အခန့်မသင့်ရင် နာတာဘာညာဖြစ်နိုင်တယ် အတတ်နိုင်ဆုံးတော့ ကိုကိုသေချာလုပ်ပေးထားပါတယ်။အရမ်းကြီးတော့ ပင်ပင်ပန်းပန်းမလှုပ်ရှားစေချင်ဘူး "

ကိုယ်ရွေးချယ်သည့် ကံ Where stories live. Discover now