အပိုင်း -- ၁၅

6.8K 603 37
                                    

Unicode

🍀🌹

သူမသတိပြန်ရလာကတည်းက အခန်းထဲမှာခေါက်တုံ့ခေါက်ပြန်လျှောက်နေသော ထိုလူဟာ ဘာဖြစ်နေသလဲဆိုတာမသိ။သူမသတိပြန်ရနေပြီဆိုတာကိုလည်း သိလိမ့်မည်မထင်။

"ကျွီ....."

အခန်းတံခါးဖွင့်သံကြောင့် ဝင်လာသူကိုကြည့်မိတော့ ထိုလူ့အတွင်းရေးမှူး မေမီ။

"ဘယ်လိုလဲမေမီ သမီးငယ်ကိုဆက်သွယ်လို့ရလား "

အဟက် သမီးငယ်တဲ့လား။မဲ့ပြုံးတစ်ခုနှင့်သူမလှဲအိပ်နေရာမှထထိုင်လိုက်တော့ မေမီကမြင်သွားသည်။

"ဆက်သွယ်လို့မရ​သေးဘူးဦးလေး... သတိရလာပြီလား အန်တီ "

ထိုအခါမှ ဘယ်သူ့အတွက်စိတ်ပူနေမှန်းမသိသောမျက်နှာနှင့် သူမအနားကို ထိုလူကလျှောက်လာသည်။သူမ သူ့မျက်နှာကို မမြင်ချင်သောကြောင့် တစ်ဘက်ကိုမျက်နှာလွဲလိုက်မိသည်။

"သက်သာရဲ့လား နန်း "

"မေမီကဒီကိုဘယ်လိုရောက်လာတာလဲ "

"အန်တီသတိမေ့နေတယ်လို့ လမင်းလှမ်းခေါ်လို့ အဲ့ဒါအခု..... "

ပြောနေရင်းမှပင် မေမီကမြည်လာသောဖုန်းသံကြောင့် စကားရပ်သွားသည်။

"လမင်းဆီကဦးလေး "

သူတို့ဘာတွေဖြစ်နေသလဲ သူမ မသိပေမယ့် လမင်းထက်သာကိုစိတ်ပူနေကြပုံရသည်။

"ဘယ်ရောက်နေတာလဲလမင်းရယ် ပြန်မလာသေးဘူးလားကြာနေပြီ "

"................"

"ဟုတ်ကဲ့ ကျွန်မအသိညီမလေးပါ "

မေမီပြောသောစကားကြောင့် မကောင်းသည့်အငွေ့အသက်တစ်ခုကို သူမရနေသလိုခံစားရသည်။ချက်ချင်းပင် မေမီ့နားလေးရောက်သွားသောထိုလူဟာ သူ့ကလေးကိုသိပ်ပင်စိတ်ပူလွန်းနေရှာတယ်ထင်ပါရဲ့။

"ဟုတ်ကဲ့ ကျွန်မတို့အခုချက်ချင်းလာခဲ့ပါ့မယ် "

"ဘာ.....ဘာဖြစ်လို့လဲမေမီ သမီးငယ်ကဘာဖြစ်လို့လဲ "

"လမင်း accident ဖြစ်လို့ ဆေးရုံပို့လိုက်ကြတယ်တဲ့ဦးလေး "

"ဟင်...."

ကိုယ်ရွေးချယ်သည့် ကံ Where stories live. Discover now