အပိုင်း -- ၃၇

7.1K 634 87
                                    

𝙐𝙣𝙞𝙘𝙤𝙙𝙚

အရာအားလုံးတိတ်ဆိတ်ငြိမ်သက်သွားသောအခြေအနေတစ်ခုမှာ ခွန်းနှလုံးသားက ကိုယ့်ကိုကိုယ်ပြန်ခြောက်လှန့်နေသလိုခံစားရသည်။
စောစောကပြင်းပြင်းထန်ထန်ဖြစ်ပျက်သွားသော အခြေအနေအဆုံး ဧည့်ခန်းထဲမှာကျန်ခဲ့သူဟာ သူမနှင့်မေသွန်းသစ္စာနှစ်ဦးသာ။

အဖြစ်အပျက်တွေစုံသွားသောအခါ ခံစားချက်တို့ထုံသွားသည်ထင်ပါ၏။ ငိုလည်းမငိုမိတော့သလို အရမ်းကြီးလည်းနာကျင်မနေတော့။သက်ပြင်းဖွဖွချလိုက်ကာ ထိုင်ရာမှထဖို့ရန်ပြင်မိတော့

"ခံစားချက်တွေတည်ငြိမ်သွားပြီလားမမခွန်း "

ခွန်းကိုမကြည့်ဘဲမေးလာသည့် မေသွန်းစကားကြောင့် ခုံမှာပြန်ထိုင်လိုက်မိသည်။

"ခံစားချက်တည်ငြိမ်တယ်ဆိုတာထက် ဒီထက်ပိုပြီးနာကျင်စရာမရှိတော့သလို အစ်မမှာ ထပ်ကွဲစရာအရှက်မရှိတော့ဘူးလေ။ဒီလောက်ဆို မင်းသဘောပေါက်ရောပေါ့။
အစ်မအနားမှာရှိနေမယ့်အစား မင်းသူငယ်ချင်းနောက်ကို လိုက်သွားရမှာမဟုတ်ဘူးလား "

"မလိုက်ပါဘူး။အခုချိန်မှာ သူ့အတွက်တစ်ယောက်တည်းနေဖို့အချိန်လိုတယ်။ဒီမှာရှိနေတာက မမခွန်းကိုမေးစရာတွေရှိနေလို့ "

"အခုချိန်မှာ အစ်မဘာကိုမှမဖြေချင်ဘူးမေသွန်း "

ခွန်းမှာ အမှန်တကယ်လည်း ဘာကိုမှဖြေရှင်းချင်စိတ်ကျန်ရှိမနေတော့ပါ။စိတ်ပင်ပန်းမှုတွေများစွာထဲမှ နှလုံးသားကွဲကြေနေမှုကို မသိသလိုဟန်ဆောင်နေရသည်မှာ လွယ်ကူလှသည်မဟုတ်။

"မမခွန်းရဲ့အချစ်တွေကို ဘာတွေကဖုံးလွှမ်းထားလို့ ဒီလောက်လေးတောင်အမှန်မမြင်နိုင်ရတာလဲ။တကယ်တမ်း အရှက်ကွဲရတာကလမင်းပါ "

"ဘာရယ်...."

မေသွန်းသစ္စာဟာ သူငယ်ချင်းဘက်ကနာတတ်သားပဲဟု ခွန်းတွေးလိုက်မိပါသည်။

"သူကဘာတွေများအရှက်ကွဲရလို့လဲ။ယောက်ျားတစ်ယောက်ရဲ့ခိုးရာလိုက်ပြေးခဲ့လို့လား...အဲ့ဒါကသူ့ရွေးချယ်မှုနဲ့သူပဲ​လေ။
ယောက်ျားတစ်ယောက်ရှေ့မှာ အစ်မခန္ဓာကိုယ်ကို သူပိုင်ဆိုင်ခဲ့ပါကြောင်းထုတ်ဖော်ပြောခဲ့တာကျတော့ရော အစ်မကအရှက်မကွဲပေဘူးလား "

ကိုယ်ရွေးချယ်သည့် ကံ Where stories live. Discover now