အပိုင်း -- ၃

7.6K 669 12
                                    

"လမင်းထက်သာ...table 4 ကဧည့်သည်ကညီမလေးနဲ့တွေ့ချင်လို့တဲ့။သူမှာထားတဲ့ coffee လေးယူသွားပေးနော် "

လက်ထဲရောက်လာသော coffee ခွက်ထည့်ထားသည့်လင်ဗန်းကြောင့် လမင်းအူကြောင်ကြောင်နှင့်ပင် မှာထားသည့်စားပွဲဆီ လျှောက်လာခဲ့ရ၏။

"ကိုဖိုးလပြည့် "

ထိုလူ့အားမြင်လိုက်ရသည့်အခါ လမင်းအရမ်းကိုပျော်သွားမိသည်။သို့သော်လည်းအလုပ်ချိန်ဖြစ်နေသောကြောင့် coffee ခွက်အားစားပွဲပေါ်ချပေးလိုက်ပြီး

"ဘာများထပ်ပြီးသုံးဆောင်ချင်သေးလဲရှင့် "

သူ့စကားကြောင့် ကိုဖိုးလပြည့်ကအသံထွက်အောင်ပင်ရယ်ကာ

"ok...ok အလုပ်ချိန်ကိုမနှောက်ယှက်တော့ဘူးနော်။အစ်ကိုက ပြန်ရောက်ရောက်ချင်း လမင်းကိုတွေ့ချင်လို့ခဏလာတွေ့တာ။လုပ်စရာရှိတာ အေးအေးဆေးဆေးသွားလုပ်ပါ ညနေကျမှတွေ့တာပေါ့ "

"ဟုတ် "

"လမင်းရေ အစ်မကိုဒါလေးတွေကူသယ်ပေးပါဦး "

ခေါ်သံနှင့်အတူ လက်ထဲတွင်အထုပ်အချို့နှင့် ဆိုင်ထဲဝင်လာသောမမလင်းဆီသို့‌သွားကာ သူနိုင်သလောက်ပြောင်းသယ်လိုက်ပြီး

"အနောက်ပဲသွားထားလိုက်ရမှာလားမမလင်း "

"ဟုတ်တယ်ညီမလေး လွတ်တဲ့နေရာခဏချထားလိုက် "

အရှေ့ကသယ်၍ဝင်သွားသော ဝန်ထမ်းတစ်ယောက်နောက်သို့ လမင်းလိုက်သွားရ၏။

"လင်းမြတ်သူတို့ကတော့ အလုပ်ကိုကြိုးစားတာပါ "

ရင်းနှီးနေသောအသံတစ်ခုကြောင့် လင်းမြတ်သူကြည့်လိုက်မိတော့ သူငယ်ချင်းဖြစ်သူနွေလပြည့်။

"လပြည့်....နင်ကဘယ်တုန်းကပြန်ရောက်နေတာလဲ "

"ဒီနေ့ပဲ....ဒါကနင့်ဆိုင်လား....."

လင်းမြတ်သူ သူနှင့်မျက်နှာချင်းဆိုင်လွတ်နေသောခုံတွင် ဝင်ထိုင်လိုက်ကာ

"အင်း ငါ့ဆိုင်လေ။ငါ့ဆိုင်မှန်းမသိဘူးဆိုတော့ ဘာလဲ လမင်းဆီလာတာလား"

"ဟုတ်တယ် အန်တီကဒီမှာအလုပ်လုပ်နေတယ်လို့ပြောလို့ "

သူ့စကားအား လင်းမြတ်သူခေါင်းတညိတ်ညိတ်နှင့်ပင်

ကိုယ်ရွေးချယ်သည့် ကံ Where stories live. Discover now