အပိုင်း -- ၈

6.7K 668 39
                                    

Unicode 🌹🍀

"ထမင်းစားပြီးရင်မေမေတို့ပြောစရာရှိသေးတယ် ဧည့်ခန်းထဲကိုလာခဲ့ဦး ခွန်း..... "

ထိုမျှသာပြောပြီး ထမင်းစားခန်းထဲမှထွက်သွားသည့် ဖေဖေနှင့်မေမေကြောင့် ခွန်းခေါင်းထဲအတွေးများသွားရသည်။ မျက်နှာချင်းဆိုင်မှလမင်းထက်သာအားကြည့်မိတော့ သူနှင့်မဆိုင်သလို ထမင်းသာပြီးအောင်ဆက်စားနေလေ၏။ထို့ကြောင့် ခွန်းဆက်မစားတော့ဘဲ ဘေးနားလေးရပ်နေသောမနှင်းအားကြည့်၍

"နွားနို့ပြန်နွှေးထားလိုက်တော့နော်မနှင်း ဒီနေ့ ညစာစားတာနောက်ကျတယ်ဆိုတော့ နောက်နာရီဝက်လောက်နေရင် ဖေဖေတို့အတွက်သွားပို့ပေးလိုက်ပါ။ဒီထက်နောက်ကျရင် အိပ်ချိန်အရမ်းကပ်သွားလိမ့်မယ် "

"ဟုတ်ကဲ့မမလေး "

ဖန်ခွက်ထဲမှလက်ကျန်ရေကိုကုန်အောင်သောက်၍ တစ်ယောက်တည်းကျန်နေသောလမင်းထက်သာအား သူမ မစောင့်တော့ဘဲ ဖေဖေတို့ရှိရာဧည့်ခန်းထဲသို့ဝင်လာခဲ့လိုက်သည်။

"လာ ထိုင်သမီး "

အတူတူယှဥ်ကာထိုင်နေသော ဖေဖေနှင့်မေမေ၏မျက်နှာချင်းဆိုင်ခုံတွင် ခွန်းဝင်ထိုင်လိုက်ပြီး မေမေ့မျက်နှာကိုစိုက်ကြည့်နေမိသည်။

"မေမေ့မှာ မေးစရာလည်းရှိတယ်၊ပြောစရာလည်းရှိတယ်။ဒါပေမယ့် သမီးကိုအရင်ဆုံးဦးစားပေးမယ်။ခွန်းလေးမှာရော မေမေ့ကိုပြောစရာကိစ္စတစ်ခုခုမရှိဘူးလား "

ခွန်းခဏမျှကြောင်အနေမိသည်။သူမမှာပြောစရာက လမင်းထက်သာ၏ကိစ္စကလွဲပြီးတခြားမရှိ။ဒါကလည်း ယခုအချိန်မှာပြောလို့အဆင်မပြေ။ထိုကလေးကထမင်းစားခန်းထဲမှာရှိနေသေး၏။

"ခွန်းမှာ ထွေထွေထူးထူးပြောစရာမရှိပါဘူးမေမေ......မေမေပြောစရာရှိတာသာပြောပါ "

"အဲ့ဒါဆိုရင်တော့ UK သွားမယ့်ကိစ္စကနေစပြောရအောင်။သားစစ်နဲ့အတူတူသွားမှာလို့ သမီးဖေဖေကမေမေ့ကိုပြောတယ် အဲ့ဒါဟုတ်ရဲ့လား "

ခွန်းခေါင်းသာညိတ်ပြမိသည်။

"အင်း....အဲ့လိုဆိုရင်တော့ မေမေကိုယ်တိုင်လိုက်ပို့မယ် "

ကိုယ်ရွေးချယ်သည့် ကံ Where stories live. Discover now