အပိုင်း -- ၃၅

6.6K 566 56
                                    

𝙐𝙣𝙞𝙘𝙤𝙙𝙚

မနေ့က တစ်နေကုန်နားလိုက်ရ၍ထင်သည်။ အိပ်ရာအထမှာ လမင်း၏စိတ်တို့ကြည်လင်နေသည်။မနက်ခင်းလုပ်နေကျအကျင့်အတိုင်း မျက်နှာသစ်ပြီးသည်နှင့် အစ်မအခန်းဘက်ကူးလာခဲ့၏။
သို့သော် အဝတ်လဲခန်း၊ရေချိုးခန်းထဲမှာ အစ်မကိုအရိပ်အယောင်ပင်မမြင်ရ။အောက်ထပ်ဆင်းလာခဲ့သော်လည်း မည်သူ့ကိုမှမတွေ့ရ။

"မနှင်း....မနှင်းရေ...."

ဟိုဟိုဒီဒီမျက်လုံးကစားကာခေါ်တော့ မနှင်းက ခြံထဲကစံပယ်ပင်တွေကြားမှထွက်လာ၏။လမင်း ဆင်ဝင်အောက်ကကြာကန်လေးကိုလက်ထောက်မှီရပ်၍

"အစ်မဆိုင်သွားပြီလား...."

"ဆိုင်သွားတာမဟုတ်ဘူးလမင်း....မနက်ကပဲအလုပ်ကိစ္စနဲ့ဖားကန့်ကိုသွားတယ်"

"ဟမ်...."

မနှင်းအဖြေကြောင့် လမင်းမျက်နှာလေးမဲ့သွားရသည်။အစ်မစိတ်ဆိုးနေသည်ကို ချော့ရမည်ဟုကြိုတွေးထားခဲ့ပေမယ့် ယခုတော့မျက်နှာလေးပင်မမြင်လိုက်ရ။

"ပြီးတော့ ဦးလေးကလည်းဒီနေ့တစ်ရက်အလုပ်မလာဘဲ အိမ်မှာပဲနားလိုက်ဦးလို့မှာသွားတယ်လမင်း "

ကြည်လင်နေသောစိတ်ကလေးဟာ အစ်မ မရှိသောကြောင့် ပျောက်ကွယ်သွားရ၏။ထို့ကြောင့် အခန်းသို့သာပြန်တက်လာခဲ့သည်။
ဖုန်းကိုကောက်ကိုင်ကာ အစ်မကိုဖုန်းခေါ်ပေမယ့်လည်း ပြန်ဖြေသည်ကဆက်သွယ်မှုဧရိယာပြင်ပသာ။

အစ်မ မရှိ၍ အိမ်မှာလည်းမနေချင်သောကြောင့် မေသွန်းသစ္စာကိုဖုန်းဆက်၍ အပြင်သွားရန်လာခေါ်ခိုင်းလိုက်ရသည်။

"တစ်ယောက်တည်းမို့လို့ အိမ်မှာမနေချင်ဘူးဆိုပြီး ငါ့ကိုလာခေါ်ခိုင်းတယ်။အခု ငါ့အိမ်ကိုရောက်လာတော့လည်း ဘာထူးလို့လဲ။ဟိုမှာပဲနေရင်လည်းရနေတာကို "

လမင်း မကြားသလိုသာဟန်ဆောင်၍ မေသွန်းကုတင်ပေါ် ပစ်လှဲချလိုက်သည်။အပေါ်ထပ်ဝတ်လာသည့် အင်္ကျီလက်ရှည်ကို အဝတ်ဗီရိုထဲပြန်ထည့်နေသည့် မေသွန်းကိုကြည့်၍ စချင်လာ၏။

"အပေကြီးကို အဝတ်ဗီရိုထဲပြန်ထည့်ရသလားမေသွန်းသစ္စာ။နင်ဒီလိုညစ်ပတ်ပုံမျိုးနဲ့ ကိုဖိုးလပြည့်တော့ပြေးမှာပဲ "

ကိုယ်ရွေးချယ်သည့် ကံ Where stories live. Discover now