အပိုင်း -- ၃၂

6.9K 654 39
                                    

𝙐𝙣𝙞𝙘𝙤𝙙𝙚

"ဒေါက်....ဒေါက်...ဒေါက်...ဒေါက်...."

"ဟူး...."

စားပွဲခုံကို ခွန်းလက်ချောင်းတို့ဖြင့် ထိခေါက်နေရင်းမှပင် လင်းနှင့်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ သက်ပြင်းချလိုက်မိသည်။

"အသက်တစ်ရာမနေရ၊အမှုတစ်ရာပွေရတဲ့....ငါရှင်သန်လာတဲ့တလျှောက်လုံး ခွန်းရဂုံနွယ်ရဲ့အမှုများစွာကို ကြုံဆုံခဲ့ရပြီးပြီထင်ပါရဲ့"

လင်းမြတ်သူ၏စကားကြောင့် သူမစိတ်ညစ်နေသည့်ကြားမှပင် ပြုံးလိုက်မိသွားသည်။အမှန်တကယ်လည်း သူမပြဿနာပေါင်းများစွာကိုသာ လင်းကကူညီဖြေရှင်းပေးခဲ့ဖူး၏။လင်း၏ဘဝလေးကတော့ ပုံမှန်အတိုင်းပင် ပြဿနာဆိုတာမရှိသလောက်ရှား၏။
ရှိလာခဲ့လျင်လည်း သူမကဲ့သို့ အရမ်းပူလောင်ရသည့်ကိစ္စရပ်များမဟုတ်။သူမမှာသာ တစ်ခုပြီးတစ်ခု ကြုံဆုံနေရတော့သည်။

"ငါလည်းတကယ်မသိတော့ဘူးလင်းရယ်....ခံစားချက်တွေက အသိပေးနေသလိုလို...သူကပဲ ငါ့အပေါ်တကယ်ခံစားချက်မရှိတော့သလိုလိုနဲ့ ...တွေးရတာ အိပ်ပျက်ညတွေတောင်များပြီ...
ဒီကြားထဲ ဖေဖေနဲ့ကလည်းအရင်လိုအဆင်မပြေတော့ဘူး....မျက်နှာချင်းဆိုင်တွေ့ရင် ကိုကိုနဲ့ပတ်သက်တာပြောမှာစိုးလို့ ငါ့မှာထမင်းစားချိန်ကလွဲရင် ကျန်တဲ့အချိန်ဖေဖေ့အရိပ်တောင်မကြည့်ရဲဘူး...."

စားပွဲပေါ်မေးထောက်၍ သက်ပြင်းတို့ချမိပြန်ပါသည်။တစ်ခါမှမတွေးဖူးသော အိမ်ခွဲနေဖို့ရန်အတွေးများက ဒီရက်ပိုင်းမှာဆက်တိုက်ဝင်လာနေ၏။

"အိမ်ကိစ္စကထားပါဦး...လမင်းနဲ့ကဘာဖြစ်လို့လဲ "

သူမ လင်းမျက်နှာကိုတစ်ချက်ကြည့်ပြီး မျက်လွှာပြန်ချလိုက်မိသည်။

"ပျက်သွားတဲ့လက်ထပ်ပွဲကိစ္စကို သူသိနေသလား၊မသိဘူးလားဆိုတာ....ငါအရမ်းသိချင်တာပဲ....သုံးလပြည့်ပြီးတဲ့အချိန်ကစပြီး သူကငါ့ကို ချစ်တယ်လို့လည်းမပြောတော့ဘူး....
နေ့တိုင်းဂရုစိုက်ဖို့ရာ၊ဘာလုပ်တယ်ဘာညာ ပုံမှန်အတိုင်းပြောနေပေမယ့် သူ့ဘက်က တာဝန်အရပြောသလိုကြီး ခံစားနေရတယ်....ငါ့ကို တစ်ခုခုကြောင့်စိတ်ဆိုးနေသလား....ဒါမှမဟုတ်....အနေဝေးလို့ သွေးအေးသွားသလားဆိုတာတော့ ငါလည်းမသိတော့ဘူး "

ကိုယ်ရွေးချယ်သည့် ကံ Where stories live. Discover now