"အဖေ အဲ့လောက်တော့မဖြစ်ဘူးလေ..."
"ငါခိုင်းရင်မင်းလုပ်လိုက်လေNamjoon.."
"အဖေ သားအဖြစ်ကအမွေပြတ်စွန့်လွှတ်တယ်
ဆိုတာအငယ်လေးအတွက်အရမ်းရက်စက်လွန်း
တယ်...ကလေးကိုပြန်လာစေချင်ရင်
အဆက်အသွယ်လုပ်စေချင်ရင်
တခြားနည်းတွေအများကြီးရယ်ပါ..."အမေဖြစ်သူဟာ သားနှစ်ယောက်စိတ်နဲ့
ဆေးရုံပေါ်မှာ..စိတ်ထောင်းကိုယ်ကျေလျှက်။
Hoseok ကိစ္စကိုနားလည်အောင်ပြောပြပေးနိုင်ခဲ့လို့
အဆင်ပြေခဲ့ပေမယ့် Jungkookieရဲ့သတင်းအစအန
ကိုတောင်မရတာကတကယ်ကိုမီး။သေသလားရှင်သလားတောင်မသိသော
အခြေအနေတစ်ခုမှာ အဖေ့မျက်နှာ
ဘယ်လောက်ခက်ထန်နေပါစေရင်ထဲက
မီးတောက်တွေကိုNamjoon မြင်နေရပါသည်။
အဖေ ဘာကိုဘယ်လိုတွေးပြီး ဒါကိုခိုင်းသလဲ
မသိပေမယ့် သူမလုပ်ချင်ပါ။"အိမ်မှာ သူ့ကိုဂရုမစိုက်သလို
မချစ်ကြတော့သလို စနောက်ရင်တောင်
သိပ်နာကျင်တတ်တဲ့ကလေးပါ မလုပ်ပါနဲ့
သူတွေ့သွား သိသွားရင် ....""လုပ်ဆိုရင်လုပ်လိုက်...တစ်ကမ္ဘာလုံးသိအောင်
လုပ် သူဘယ်ကမ္ဘာရောက်နေနေ
သိအောင်မြင်အောင်လုပ်...""ငါတို့တစ်အိမ်လုံး ကလေးသေးသေးလို
အလိုလိုက် အချစ်ပိုပေးခဲ့တာ...
ငါတို့ကိုထည့်မတွက်ရင်တောင်
သူ့ကိုအသက်လောက်ချစ်တဲ့ သူ့အမေကို
သူတွေးပေးသင့်တယ်....
ကလေးမဟုတ်ဘူး Namjoon
မင်းညီ ကလေးမဟုတ်ခဲ့ဘူး..."အဖေသည်လည်းရက်တချို့ဘုန်းဘုန်းလဲခဲ့တာပဲ။
လမ်းပြန်လျှောက်နိုင်လှုပ်ရှားနိုင်တာနဲ့
အစီအစဉ်တွေကစလာပြီ။
ရက်တချို့တော့အဖေစောင့်ကြည့်ပုံရပေမယ့်
ဒီနေ့ညမှာတော့ ဒီစကားထွက်ကျလာခဲ့သည်။"အဖေ နားလည်ပေးလိုက်ရင်ရော...
စိတ်ပူပန်တယ် ဆိုရင် နားလည်ပေးပြီးသူတို့ကို
ပြန်ခေါ်ထားလိုက်သင့်တယ်...""ဘယ်တော့မှငါသဘောမတူလက်မခံတဲ့
လူကိုမင်းတို့ရဲ့အိမ်ထောင်ဘက်
အဖြစ် ဒီအိမ်ပေါ်ခေါ်မတင်ဘူးဆိုတာ
ကျပ်ကျပ်မှတ်"