🌹12🌹

10.2K 1.7K 956
                                    

"မဟုတ်သေးဘူးလေJimin ရာကိုယ်မင်းကို
သေချာပြောထားတယ်လေ...ဒီမနက်
သေချာတွေ့ပါမယ်လို့..ကိုယ်အလုပ်တွေတောင်
ဖျက်ထားတာ...."

"တခြားအကြောင်းပြချက်ကတော်သေးတယ်
မင်းသားရှုတင်ကြည့်ချင်တာနဲ့...အဲ့တာ
ကိုယ်နဲ့တွေ့ဖို့ထက် ပို အရေးကြီးနေတာလား.."

"ဟာ....ကိုယ်မင်းနဲ့နှစ်ယောက်ထဲတွေ့ဖို့လေ
အဲ့ဒီကိုဘာလာလုပ်ရမှာလဲ..
ကလေးမဆန်ပါနဲ့ကွာ...."

"ဘာကိုနောက်နေ့မှလဲ...
မင်းအဲ့လောက်ပြောရဆိုရမကျပ်တတ်ပါဘူး
ဒီအကြောင်းပြချက်ကြီးကတော်တော်အဆင်မပြေ
နေဘူးနော်...."

Jungkookieနဲ့မို့မတွေ့ဖြစ်၍နောက်တစ်နေ့
အလုပ်တွေအားလုံးဖျက်ကာထပ်တွေ့ဖို့ကို
သေချာပြင်ဆင်ထားခဲ့ပြီးဖုန်းဆက်လိုက်မှ
သူမအားဘူးဟုဆိုသည်။
ဘာကြောင့်လဲဟု မေးလိုက်တဲ့အခါ
ပြန်ဖြေသောအဖြေသည် Hoseokလိုလူမျိူး
အတွက်နားမလည်နိုင်စရာအတိ။

အတည်တကျ ဘဝတစ်ခုနဲ့စီးပွါးရေးသမား
လူကြီးလူကောင်းတစ်ယောက်ဟာ
အားပေးရသောမင်းသားရုပ်ရှင်ရိုက်တာကို
ကြည့်ချင်လို့ ဒီနေ့မတွေ့ဖြစ်တော့ဘူးဆိုတဲ့
Reason ကို လက်မခံချင်။
Hoseokဟာသူ့နယ်ပယ်စီးပွါးရေးအသိုင်းအဝိုင်း
မှာနေရာတစ်ခုနှင့်လူမို့Jimin ၏
ပွင့်ပွင့်လင်းလင်း ငြင်းချက်တွင်မခံမရပ်နိုင်။

မင်းသားကမင်းသားလေ...
သူက ချစ်သူဖြစ်လာမယ့်သူ..
ဒါဟာနည်းနည်းတော့စိတ်တိုစရာပင်။

နားလည်နိုင်သူအချင်းချင်းကတော့Jimin
အပေါ်ခံစားပေးနိုင်ပေမယ့်
HoseokလိုCharacter မျိုးကျတော့
အနည်းငယ်ခက်ခဲသွားသည်။
သူ့ဘက်ကလည်းပြင်ဆင်ထားခဲ့တာလေ။

"ပြီးရော...မင်းစိတ်ချမ်းသာသလိုသာလုပ်
ကိုယ် အလုပ်ပဲသွားလိုက်တော့မယ်..."

"ရတယ် ပြေတယ်...ဘာမှမဖြစ်ဘူး..."

လှေကားပေါ်မှဖုန်းပြောရင်းဆင်းလာသူ
သည်နေရောင်ခြည်လေးသည်မကြည်မလင်။
စိတ်ထဲတော်တော်အဆင်မပြေ အတ္တတကြီး
သူ့ကိုပဲဦးစားပေးဟုနေရာဝင်ယူချင်တာမျိုး
မဟုတ်ပေမယ့် Jimin နဲ့ပတ်သတ်ပြီး
နားမလည်တာတွေကများများလာသည်။

နှင်းဆီ ဒိုင်ယာရီ..🤍Unde poveștirile trăiesc. Descoperă acum