🌹20🌹

14.4K 1.8K 1.2K
                                    


1 Week Later.....။

"မင်းကိုငါဒေါသတွေထွက်လို့သေရတော့မှာပဲ
Seok!!!!!!"

လူရည်ချွန်ကြီးသည်လေယာဉ်ကွင်းဆီကို
အိတ်ကြီးတစ်အိတ်ဆွဲကာဖရိုဖရဲဖြင့်။
ဟာဝ်ိုင်အီကျွန်းဆီကိုလက်မှတ်ဖြတ်ချိန်တွင်
လက်တွေပင်တုန်နေခဲ့သည်။
လက်တစ်ဖက်ကဖုန်းပြောနေကာ
စိတ်တွေအင်မတန်လှုပ်ရှားနေလျှက်။

"မင်း ဒါ မှားစရာ လား....မှားစရာလား!!!!!"

"မင်းနဲ့ငါတွေ့ရင်အသေပဲ!!!!"

သူ့ရဲ့စိတ်ဖိစီးမှုများသည်ညိုချိုင့်နေသော
မျက်ကွင်းတွေကသက်သေ။
အငယ်ဆုံးကိစ္စကိုပူလောင်နေတုန်းရှိပါသေးသည်
မျက်စိရှေ့တင်နောက်တစ်ယောက်ကထပ်ပျောက်သွား
ခဲ့သည်။မိဘနှစ်ပါးလုံးအိပ်ရာထဲဘုန်းဘုန်းလဲကာ
တစ်ယောက်ထဲအရူးတစ်ယောက်လိုပဲ။

အဖေ့ရဲ့အကျင့်ကိုက အပြစ်တင်တတ်လွန်း
သည့်စရိုက်မို့ အကြီးဆုံးဖြစ်ပြီး ဆိုတဲ့
စွပ်စွဲချက်တွေNamjoonအပေါ်ပုံပေးလာပြန်သည်။
Jungkookieဆီကခုထိဘာ
အဆက်အသွယ်မှမရခဲ့ပေမယ့်
တစ်ပတ်လောက်အကြာတွင်Hoseok ကတော့
ဆက်သွယ်လာခဲ့သည်။

ဒါပေမယ့် ကြားခဲ့ရတာက သူမင်္ဂလာဆောင်ရ
တော့မယ်တဲ့...။သူ့တည်နေရာကိုပြောပြကာ
အစ်ကိုကြီးကိုတော့လာစေချင်ကြောင်း
ပြောလာသည်။

မင်္ဂလာဆောင်တာတောင်Supriseအရမ်း
ဖြစ်နေခဲ့တာ...ဘယ်သူနဲ့လည်းသိတော့
သတိလစ်ချင်သွားသည်။
ဘာကြောင့်လဲသိတဲ့အခါ အငွေ့ဖြစ်သွားမတတ်။

သူ့ညီအဲ့လောက်မပေါက်ရောက်တာကို
သိပေမယ့် မထင်မှတ်စွာပေါက်ရောက်ခဲ့တာမလို့
ဒါတွေဖြစ်လာခဲ့ကြောင်းသိလာရတဲ့အခါ
အရမ်းတုန်လှုပ်ခဲ့၏။

Seokသည်ငိုသံတွေရောလျှက်
အထပ်ထပ်သူ့ကိုတောင်းပန်ကာ
ဝမ်းနည်းပြတော့ အစ်ကိုကြီးပီပီ
TaeHyung အသိုင်းအဝိုင်းတွေပဲရှိပြီး
Hoseok ဘက်ကတစ်ဦးတစ်ယောက်မှမရှိသော
ပွဲတွင် အားငယ်တတ်သောသူ့ညီလေး။
အပြစ်ကလည်းလုပ်ထားတာမို့ကြောက်နေမှာ
သိနေ၍ မားမားမတ်မတ်ရပ်တည်ပေးရန်
အပြေးအလွှားလာနေရပြန်သည်။

နှင်းဆီ ဒိုင်ယာရီ..🤍Donde viven las historias. Descúbrelo ahora