"မနက်ဖြန်မိုးလင်းတာနဲ့မပြန်လို့
မင်းတို့ကဒီမှာဘာလုပ်နေမလို့လဲ....""အချင်းချင်းတွေစိတ်ဝမ်းကွဲတာမကြိုက်ဘူးကွာ
မင်း ကိုယ်ထိလက်ရောက်လုပ်တာလွန်တယ်...""သူပြောတဲ့စကားတွေကငါကိုင်တောင်ပေါက်ချင်တာ
မင်းတို့ကနားထောင်လို့အဆင်ပြေနေတာလား..""စကားနဲ့ပဲဖြစ်လေ...မင်းခေါင်းဆောင်ဖြစ်ပြီး
ဂိုဏ်းသားအချင်းချင်းကို....""ငါက သူ့ကိုအပေါ်ယံတဲ့ သူ့အစ်ကိုကို
ကြိုက်လို့ ကပ်ခဲ့တာတဲ့.....မွေးထဲက
လေးဘက်ထောက်ထဲကဖင်ပြောင်အရွယ်ထဲက
အတူတူကို ငါကအဲ့အရွယ်ထဲကသူ့အစ်ကိုကို
ကြံနေရမှာလား....သံယောဇဉ်ကိုစော်ကားတာ
လောက်မုန်းတာမရှိဘူး....""စကားတတ်တိုင်းစွာတတ်တိုင်းသူပြောချင်တာ
ကိုရှေ့နောက်မကြည့်တတွတ်တွတ်ပြောတတ်တဲ့
အကျင့်က အဲ့လိုလုပ်ပေးလိုက်မှ ပိတ်တာ
အေးတာပဲ....""မအေးပါဘူး မင်းလုပ်ပြီးမင်းဟာမင်း
စိတ်မကောင်းနေပြီး ဒီမြို့မှတောင်မနေရဲလို့
လိပ်ပြာမလုံလို့ ချက်ချင်းထွက်ပြေးချင်တာငါတို့က
မသိဘူးမှတ်နေလား""ပေါက်ပန်းလေးဆယ်တွေလာမပြောနေနဲ့!!!
ငါအိပ်တော့မယ် မနက်မိုးလင်းတာနဲ့ဆိုးလ်ကို
ပြန်မယ် ငါ့အမိန့် ငါခေါင်းဆောင် ဒါပဲ!!!..""အာဏာရှင်ကျနေတာပဲ..."
"ဒီလိုနယ်မြို့သေးသေးလေးမှာ
Clubပတ်ရှာနေတဲ့ ဟိုတစ်ယောက်ပြန်လာလည်း
ပြောလိုက် အကြီးဆုံးဖြစ်ပြီးလေးစားမှုရှိအောင်
ဘယ်တော့မှမနေဘူး...""သူမောင်းပို့လို့ရောက်လာရတာကို..."
"တော်တော့!!!ငါအိပ်ပြီ !!!.."
တည်းခိုခန်းတစ်ခု၏အခန်းတစ်ခုထဲက
အသံကျယ်ကျယ်ကြီးသည်ဟိန်းခနဲ။
စောင်ကိုခေါင်းအထိလုံအောင်ခြုံကာ
သူအိပ်ဖို့ခန္ဓာကိုယ်ကိုကွေးလိုက်သည်။ကိုယ်စီကိုယ်စီအခန်းတွေဆီထွက်သွားတော့ပြီး
ခြေသံတွေငြိမ်သွားတဲ့အခါ ကလေးလေးတွေလို
စောင်ထဲ ဗြဲခနဲငိုချသူသည် မကြီးမငယ်နှင့်။