🌹25🌹(Part2)

11.9K 1.7K 677
                                    


(အရွယ်မရောက်သေးသောမနူးမနပ်လေးများမဖတ်ရ)

ကိုဆွေ။

တစ်နာရီလောက်စက်ဘီးနင်းပြီးတော့
မြို့ပြင်တောအုပ်လေးထဲရှိရေတံခွန်သေးသေး
ရှိသောသဘာဝတရားစစ်စစ်တို့တည်ရှိရာနေရာ
လေးဆီရောက်သွားကြသည်။
ကြည်လင်နေသောရေတွေသည်မနှေးမမြန်
စီးဆင်းနေပြီး ပတ်ပတ်လည်တွင်စိမ်းမြမြ
သစ်ပင်တွေသည်အုပ်မှိုင်းမှိုင်း။

နှစ်ယောက်လုံးမှာအလိုမကျမှုတွေကိုယ်စီရှိနေ
ပေမယ့် လူနေအိမ်တွေဝေး ကျေးငှက်သံလေး
တွေ ရေစီးသံလေးတွေသာကြားရပြီး
ရောက်တာနဲ့စိတ်ထဲအေးချမ်းသွားရသော
သဘာဝ၏အစွမ်းကြောင့်ပြိုင်တူသဘောကျစွာ
ပြုံးမိခဲ့ကြသည်။

"အေးချမ်းစိတ်ငြိမ်လိုက်တာ..."

ကိုကိုက ပို၍တက်ကြွသွားတဲ့သူ အလျှင်အမြန်
ရေစပ်နားဆီပြေးသွားတော့သည်။ကလေးလေး
လည်းဒေါက်တာ့မေမေပြောပြတုန်းက
ဒီလောက်တော့မလှဘူးထင်ခဲ့တာ။

ကိုကိုသည် ရေစပ်နားသို့ရောက်တဲ့အခါ
ဖိနပ်တွေအမြန်အဆန်
ချွတ်ပြီး ရေအေးအေးတွေထဲခြေထောက်
လေးတွေကိုနှစ်ချလိုက်သည်။

မလျှောက်လာနိုင်သေး စက်ဘီးရပ်ကာ
ပတ်ဝန်းကျင်ကိုFeelနေတုန်းရှိသေးသည်
နေအရှင်းမကောင်းသေးဘဲ လုပ်လိုက်ပုံက
ဖျက်ခနဲ လျှပ်ခနဲ။မျက်လုံးတွေပြူးကျယ်သွားသည်။

"အေး.....အေး မယ်လေ....ဘယ်နှယ့်ဟာ...
ကိုကိုရေ....!!!"

နီတာရဲလေးသည် Feelနေချိန်မရတော့
အလျှင်အမြန်ပြေးကာအနားကိုရောက်သွား
တော့ ရေထဲခြေထောက်လေးတွေလှုပ်ခတ်ဆော့
ပြုံးပြုံးလေးမော့ကြည့်လာသည်။

"မအေးပါဘူး....ငါသဘောကျတယ်....ဂျွန်..."

ပထမဆုံးအကြိမ်လားစိတ်လိုလက်ရပြုံးပြတာ။
စီးနေသောရေတွေရပ်ပြီး ပတ်ဝန်းကျင်
တစ်ခုလုံးတ်ိတ်ဆိတ်ငြိမ်သက်သွားခဲ့သလိုပဲ။
သူကပြောပြီး ပြန်ဆော့နေပေမယ့် ကလေးလေးက
တော့စက္ကန့်ပေါင်းများစွာအသိပျောက်နေသည်။

နှင်းဆီ ဒိုင်ယာရီ..🤍Where stories live. Discover now