🌹24🌹

10.7K 1.8K 767
                                    

ဝမ်းနည်းမှုတွေ...မွန်းကျပ်မှုတွေ..နာကျင်မှုတွေ
ဒေါသတွေ..စိတ်မလုံခြုံမှုတွေ..တည်ငြိမ်အေးချမ်း
ပါတယ်ဆိုတဲ့သရုပ်ကိုပြပြီးအချိန်တန်ပေါ်လာတတ်
တဲ့ရုပ်ဆိုးလွန်းတဲ့ဂယောင်ခြောက်ခြားဆန်မှုတွေ။
အတွေးလွန်မှုတွေ...အလွန်အကျွံသောစိုးရိမ်ပူပန်မှုတွေ
ခေါင်းစဉ်တစ်မျိုးစီသည် အမဲရောင်သဏ္ဍာန်တွေ
အဖြစ်ပြောင်းလဲသွားပြီး ဝ်ိဥာဉ်လိုလိုဖြစ်ကာ
ထိုအငွေ့သဏ္ဍာန်များသည် သူ့နောက်ကိုပြေးလိုက်
နေသည်။

ပြေးနိုင်သလောက် ပြေးတတ်သလောက်
ပြေးလို့ရသလောက် တတ်နိုင်သမျှအားကုန်
သုံးကာပြေးလွှားနေပေမယ့်တောနက်ထဲ
ဘယ်နေရာကြည့်ကြည့်အမှောင်ထုကြီးပဲ။

ပျော်မနေပါဘူး...။ဘယ်သူကပျော်မွေ့နိုင်မလဲ။
ထိုအမဲရောင်အငွေ့အသက်တွေနဲ့နေ့တိုင်း
အမော့ဆို့အောင်ပြေးလွှားနေရတဲ့ဘဝကိုလေ
ဘယ်တုန်းကမှမပျော်ရွှင်ခဲ့ပါဘူး။

အရိပ်တွေဟာပိုပြီးနီးကပ်လာလေ
ကြောက်စရာအသံတွေနဲ့ရယ်မောလာလေ
သေးသိမ်ပျောက်ကွယ်ချင်လာလေပဲ။
ချွေးတွေနစ်နေကာသူသေသွား
တော့မှာသိတာမို့ တုန်လှုပ်ခြောက်ခြားစွာ
အော်ငိုနေမိသည်။

"ကယ်ကြပါဦး"ဆိုတဲ့အသံတစ်ခုဟာ
ထွက်သင့်ရဲ့လား မတတ်န်ိုင်ကယ်လိုကယ်ငြား
အားကိုးတကြီးထွက်လိုက်တဲ့အခါအတုအယောင်
လက်တွေက မျက်ရည်သုတ်ပေးချင်ယောင်လာဆောင်
ကြတယ်။

ငြိုငြင်စရာပဲ...ပျော့ညံ့လိုက်တာ...။
စိတ်မရှည်စရာအတိ..ဘယ်လိုလူမျိူးလဲ..။
ပြဿနာတွေများလွန်းတယ်။
မင်းတစ်ယောက်ထဲမဟုတ်ဘူး...မလွန်လွန်းနဲ့။
ယုယုယယလက်ကမ်းပြီးမျက်ဝန်းတွေရှေ့တည့်တည့်
စုတ်ပြတ်သတ်သွားအောင်
ပစ်ပေါက်သွားတဲ့ မယုံကြည်ရခြင်းတွေ....။

နာနာကျင်ကျင်ကြည့်ကာ မရမကရုန်းထွက်
ပြီး ထပ်ပြေးတော့ ခြေထောက်တွေသည်
ချောက်ကမ်းပါးအစွန်းလိုနေရာမျိုးကို
ရောက်သွားပြီးနောက် ခြေချော်ကာအထဲကို
ပြုတ်ကျသွားခဲ့သည်။

ရုတ်ချည်းငြိမ်သက်သွားတဲ့အခြေအနေနဲ့
အမဲရောင်ဝိဥာဉ်တွေဟာ ချောက်ကမ်းပါးအဝက
နေကြည့်နေကြပြန်သည်။ရုတ်တရက်လွှမ်းခြုံလာ
သောအနံ့အသက်လေးနဲ့ နူးနူးညံ့ညံ့နေရာလေးပေါ်
ပြုတ်ကျသွားခြင်းတွင် ကြောက်လန့်ခြင်းတို့
ချက်ချင်းဆိုသလိုကင်းစင်သွားသည်။

နှင်းဆီ ဒိုင်ယာရီ..🤍Where stories live. Discover now