🌹15🌹(Part1)

8.9K 1.6K 667
                                    


"ကိုကိုက ဒီသတ်မှတ်ချက်ဆိုရင်
ဒီသတ်မှတ်ချက်ပဲ.....ကိုကိုက
ဘဝကိုအများကြီးများများစားစားတွေးနေမယ့်
လူမျိုးမဟုတ်ဘူး.....ကျွန်တော်ခြေဆောင့်
ဂျီကျခဲ့လို့သာ ကိုကို့ဘဝတစ်ခုလုံးလှုပ်လှုပ်ခတ်ခတ်
တွေဖြစ်ကုန်တာ..."

နှင်းဆီဒိုင်ယာရီ။

..............

ရုပ်ပျက်ဆင်းပျက်အသဲကွဲခဲ့ပါ၏။
တကယ်ကြီးလက်လွှတ်ဆုံးရှုံးရပြီ
ဆိုတာလည်းသေချာလာ တစ်ချိန်ထဲမှာပဲ
အတိုင်းအဆမဲ့ပိုချစ်လာပြန်လို့ အရူးတပိုင်းဖြစ်ခဲ့ရတဲ့
နှင်းဆီလေးရဲ့...အသဲကွဲဒိုင်ယာရီစာမျက်နှာတွေဟာ
ကလေးလေးကိုယ်တိုင်လည်းသိပ်နုနယ်ခဲ့တာ
ကြောင့်သနားစဖွယ်ကောင်းခဲ့ပါတယ်...။

နှင်းဆီဒိုင်ယာရီမှာ...အသဲကွဲခြင်းစာမျက်နှာတွေ
အကြောင်းအသေးစိတ်သိရှိနိုင်ပါသည်။

အသဲကွဲဖူးမှ အချစ်ရဲ့အနှစ်သာရကလည်း
ပိုပေါ်လွင်တတ်တာမို့ ဘဝမှာတစ်ကြိမ်တစ်ခါ
လောက်တော့အသဲကွဲဖူးသင့်တယ်ထင်တာပဲ။
ဖိန်းတိန်းရှိန်းတိန်းနှင့် ကမ္ဘာ့အဆိုးဝါးဆုံးသော
ဝေဒနာအကြောင်းရေးပြရမှာအားတော့နာပါသည်။

အသဲကွဲသွားသူများသည် သိပ်ချစ်စရာကောင်း
ကြသော တလွဲကလေးလေးတွေဖြစ်နေတာကြောင့်။

...................။

နေရောင်ခြည်လေးနဲ့မျက်မှန်လေးတို့ရဲ့ဘဝကိုယ်စီ
ပထမဆုံးသောအချစ်ဆိုတဲ့အရာ
ကို စတင်တည်ဆောက်ခဲ့ခြင်းမှာ
အထွေအထူးပြဿနာတွေတော့မရှိခဲ့။

အချစ်ကိုစထိတွေ့ခါစ ချစ်သူရည်းစားစတင်
ရရှိခါစအချ်ိန်တွေဟာ တွေးရင်တွေးမိသလောက်
ပြုံးမိနိုင်သောအခိုက်အတန့်တွေပါပဲ။

မိုးလင်းလာလို့ကိုယ့်ကချစ်ပေးနေရသော
လူတစ်ယောက်နဲ့ကိုယ့်ကိုချစ်နေတယ်လို့
သိနေရသောလူတစ်ယောက်ရှိနေခြင်းဟာ
တစ်ယောက်ထဲဘဝတွင်နည်းနည်းလေးတော့
အပြောင်းအလဲလေးဖြစ်ခဲ့ပါသည်။

နှင်းဆီ ဒိုင်ယာရီ..🤍Where stories live. Discover now