"များများစားနော်သား...မေမေတို့ကသားကို
အမြဲဒီကိုလာဖို့မျှော်လင့်နေတာဒီတစ်ခါတော့
ဆိုးလ်ကိုပြန်မနေနဲ့အပြီးသာနေလိုက်တော့...."အမြဲနွေးထွေးရတယ်။သူတို့ဟာTaeHyung မိဘတွေ
လို့မပြောရဘူး TaeHyung လိုပဲကျွန်တော်ဘယ်လိုပဲ
စိမ်းသက်စိမ်းသက်အမြဲဘယ်အချိန်မဆိုရောက်လာ
တိုင်းကြိုဆိုခဲ့ကြပြီးသားပဲ။"နေသိပ်မကောင်းဘူးဆို
TaeHyung ကဘာလုပ်နေတာလဲ
သေသေချာချာဂရုမစိုက်ဘဲ....""TaeHyung ကဂရုစိုက်ပါတယ်
မိသားစုရေးကိစ္စလေးတွေကြောင့်
ကျွန်တော်နည်းနည်းStressဖြစ်သွားလို့ပါ
ခဏနေပြန်ကောင်းသွားမှာပါ....""နင် Gameနဲ့အစားပဲမက်မနေနဲ့
Seok လေးကိုဂရုစိုက် ကြည့်လို့ကိုမရဘူး.."ထုံးစံအတိုင်းစားပွဲဝိုင်း၏အစွန်ဘက်တွင်
ဟိုမမှီဒီမမှီဖြင့်ညစာနေသူ၏ခေါင်းပေါ်
အမေဖြစ်သူ၏လက်ခေါက်ဒေါက်ခနဲရောက်
လာတဲ့အခါကင်ချီလေးမျက်လုံးလေးတွေ
ဝိုင်းသွားသည်။"ဘာလုပ်လို့လဲ....."
"ဘာမှမလုပ်လည်းခေါက်ချင်တယ်
နင်ကျပ်ကျပ်သတိထား...""ထယ် လုပ်တာမဟုတ်ဘူး Hyung အဖေကြီး
သွေးဆိုးနေတာ ထပ်ပြီးမထိခိုက်အောင်
ကျွန်တော်ဒီကိုရှောင်ခေါ်လာခဲ့တာပါ...""ကိုယ့်ယောက္ခထီးကို ဘာသွေးဆိုးတာလဲ
နင်အဲ့လိုစကားပြောတာမပြေပြစ်လို့
ခုထိမတည့်တာ အဆင်ပြေအောင်ညှိနှိုင်းနေဖို့
အစီအစဉ်မရှိဘူးလား...""မရှိပါဘူး...Hyung ကိုပင်ပန်းစေရင်
ဘယ်သူ့ကိုမဆိုညှိနှိုင်းဖို့အစီအစဉ်လုံးဝမရှိဘူး""နင်ဟာလေ....ဟင်းတွေယူမစားနဲ့ပြန်ပေးစမ်း"
ကင်ချီလေးနှင့်အမေဖြစ်သူ၏ချစ်စရာ
တိုက်ပွဲလေးကိုကြည့်ကာပါးပါးလေးပြုံးနေသူ
သည်သဘောတကျ။လောကမှာသူ့အိမ်လိုပူပူလောင်လောင်ရပ်ဝန်း
တွေလည်းရှိသလိုခုလိုအေးချမ်းရာရပ်ဝန်းဆိုတာ
လေးတွေသပ်သပ်ရှိနေတတ်ကြတာပဲ။
ဘယ်အချိန်ဘယ်ရာသီမှာဘယ်လိုရောက်လာရောက်လာ
ချစ်ခြင်းမေတ္တာနဲ့အေးချမ်းခြင်းတွေကိုအပြည့်အဝ
ခံစားရသည်။