🌹Part37🌹

8.8K 1.1K 517
                                    

"အဖေက ယန်း အမေကိုအိမ်ပေါ်ကမောင်းထုတ်
လိုက်တယ် ဂျွန်...."

ကလေးလေးတို့ကိုကို့နယ်မြို့လေးကနေ
အေးချမ်းသောနှစ်ယောက်တစ်ဘဝအိမ်လေး
သို့ပြန်ရောက်ခဲ့ပြီးဖြစ်သည်။
အိပ်ခန်းထဲပစ္စည်းတွေသိမ်းဆည်းနေကြကာ
ကိုကိုက သူ့ရဲ့စာအုပ်စင်ကစာအုပ်လေးတွေကို
သန့်ရှင်းရေးလုပ်နေရင်းဆိုသည်။

"ဒီလောက်ယုတ်မာပက်စက်တာကိုမှ
မောင်းမထုတ်ရင်ကိုကို့အဖေကိုကျွန်တော်
အဲ့မြို့ကနေထပ်မောင်းထုတ်မှာ..."

"မင်း က လည်း....."

"ငါနဲ့အဖေ့ရဲ့ဆက်ဆံရေးလည်းအရင်လိုလေး
ပြန်ကောင်းချင်ပါတယ်...."

"ဒီအိမ်ပြန်ကိုပြန်ရောက်လာတာကိုယ့်နိုင်ငံ
ကိုယ့်မြို့မဟုတ်ပေမယ့်အနှောင်အဖွဲ့တွေက
လွတ်မြောက်သွားသလိုစိတ်ချမ်းသာရတယ်..."

"စာအုပ်တွေအချိန်ပေးပြီးဖတ်ရမယ်..."

"မင်းအတွက်ခြံဝန်းထဲမှာနှင်းဆီလေးတွေအများ
ကြီးထပ်ပျိုးရမယ်..."

"မိုးတွေကြီးလို့ဖုန်းလိုင်းတွေပျက်နေတာလည်း
တစ်မျိုးကောင်းတယ် တခြားကိစ္စတွေကို
အချိန်ပေးလို့ရတယ်...နောက်မို့ဆိုပျင်းတိုင်း
ဖုန်းပဲသုံးမိနေတာ..."

"ဂျွန် ခိုးပြေးလာတုန်းက
ကိုကို့ဖုန်းကပြန်မပေးတော့ဘူးလား
မင်းဖုန်းကိုပဲသုံးနေရတာအားနာလာပြီ..."

"မပေးပါနဲ့တော့ မင်းဖုန်းလေးကပိုပြီး
သုံးလို့ကောင်းတယ် နှင်းဆီနံ့လေးတွေ
ကျန်ရစ်နေတာ....."

"အိပ်ခန်းလေးကိုလှလှလေးထပ်ပြင်ပြီး
မင်းကြိုက်မယ့်အရောင်လေးတွေထားမယ်..."

"ညတိုင်း Jin Hyung Dramaတွေအတူတူ
ကြည့်ကြမယ်....ပျော်စရာကြီးပဲ...."

ကိုကိုသူနဲ့မှပြတတ်တဲ့စကားများတဲ့စာမျက်နှာ
လေးတွေ။ပြန်ပြောလည်းရတယ် မပြောလည်းရတယ်။
သူ့ဟာသူတစ်ယောက်ထဲပြောနေတာ။
ပြန်မပြောလို့လည်းစိတ်ခုတယ်ဆိုတာမျိုးမရှိ။
အဓိကသူပြောချင်တာကိုလုံလုံခြုံခြုံစိတ်ရှိလက်ရှိ
ပြောနေရရင်အိုကေတယ်။

နှင်းဆီ ဒိုင်ယာရီ..🤍Where stories live. Discover now