ပင့်ကူနက် ရသည့် သတင်းက ပိုမိုတိကျမှုရှိပြီး
လင်းရှောင်နှင့် ထုံထျန်းဧကရာဇ်တို့ တိုက်ပွဲကို
စကားတစ်လုံးချင်းစီကစ မှတ်တမ်းတင်ထားရှိသည်။
ထိုမှတ်တမ်းကို ဇူးမားလည်း မြင်ပြီးခဲ့ပြီဖြစ်သည်။

ကံဆိုးစွာဖြင့် သူမက မမျှော်လင့်ထားသော
အချက်များကို ထည့်မတွက်ခဲ့ပေ။

ယူရှောင်းမို၏ စိတ်စွမ်းအင်ရေကန်ဟာ သဘာဝကို
ဆန့်ကျင်နေသည့် တစ်စုံတစ်ရာဖြစ်သည်။
လင်းရှောင်က ဒဏ်ရာကုသရန် စိတ်စွမ်းအင်
ရေကန်၏ သုံးပုံတစ်ပုံ အသုံးပြုခဲ့သည်။
သူ့အတွင်းဒဏ်ရာ မပျောက်ဘူးဆိုပါမှ ယုတ္တိမရှိ၊
အကြောင်းပြချက်ထက် ကျော်လွန်သော
တစ်စုံတစ်ရာ ဖြစ်ပေလိမ့်မည်။

ထို့အပြင် တိုက်ပွဲမှ ဒဏ်ရာများသာ ပျောက်ကင်းရုံ
မကဘဲ ကြယ်ခြောက်ပွင့်ကို အတင်းဝင်ရောက်
ထားခြင်းမှ လက်ကျန်သက်ရောက်မှုများလည်း
ပျောက်ကင်းသွားခဲ့ပေရာ လင်းရှောင်၏
အခြေအနေမှာ သူ၏အကောင်းဆုံးအခြေအနေတွင်
ရှိနေသည်ဟုပင် ဆိုလို့ရသည်။

လင်းရှောင်အတွက်တော့ ပိုအားနည်းသောသူများ
အပေါ်  နူးညံ့၍ ကာကွယ်လိုသောခံစားချက်များ
ဆိုသည်မှာ သူ့ဇနီးအပေါ်မှာပဲ ရှိသည်။ ထို့အပြင်
ဇူးမားဟာ အမျိုးသမီးတစ်ဦးဖြစ်လျှင်တောင်
သူ့ဇနီးလေးအတွက် ထည့်စဉ်းစား၍ သူမအပေါ်
ညှာတာပေးဖို့ မဖြစ်နိုင်တော့ပေ။

နောင်လအနည်းငယ်ဆို သူနှင့် လင်းရှောက်ယီတို့
သဘောတူညီထားသည့် အချိန်ကို ရောက်တော့မည်
ဆိုတာ သူမမေ့ထားပေ။ မှော်ဆရာစုဝေးပွဲကြီး
မကျင်းပဖြစ်ခဲ့လျှင်တောင် လင်းရှောက်ယီက
ထိုကိစ္စကို ထိုအတိုင်းထားမှာ မဟုတ်ဘူးဆိုတာ
သူသိနေသည်။ ထိုအချိန်ကျ တိုက်ခိုက်မည့်လူက
ဇူးမားဖြစ်ဖို့များပေရာ သူ့အနေဖြင့်
လင်းရှောက်ယီအား ထိုးနှက်ချက်တစ်ခုပေးဖို့
အစီအစဉ်မရှိဘူးဆိုလျှင်တောင် အဦးဆုံး
သူ့ဇနီးလေးအတွက် လမ်းဖောက်ပေးသင့်သေးသည်။

ဇူးမားသည် လင်းရှောင်ကြောင့် ဆိုးဆိုးဝါးဝါး
ဒဏ်ရာရရှိသွားခဲ့သည်။ ကြာပန်းအပဲ့ဖြစ်သွားသော
ကြာပန်းဖြူမှာ ပင့်ကူနက်နှင့် ကူမာမျိုးနွယ်စုတို့
စခန်းသို့ ပြန်လည်သယ်ဆောင်သွားခံခဲ့ရသည်။
ထိုနေရာမှာ ယူရှောင်းမို မရှိနေတာ ကံဆိုးလှသည်၊
မဟုတ်ပါက ထိုစဉ်တုန်းက တစ်နေရာလုံးနီးပါး
တိတ်ဆိတ်သွားစေခဲ့သည့် သူ့လူ၏ အံ့အားသင့်စရာ
မြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ မြင်ရနိုင်ခဲ့ပေလိမ့်
မည်။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now