ဘုရားရေ ဒါသူ့ရိပေါ်တဲ့လားးး...မဖြစ်နိုင်တာ....

"ကျန့်! sorryပါ ကိုယ်နည်းနည်းနောက်ကျသွားတယ်...

ချောလွန်းလို့ ခဏစိတ်လွတ်ပြီးအားရပါးရငမ်းမိပေမယ့် အသိစိတ်ပြန်ဝင်သွားတော့....

ချောတာတွေဘေးဖယ် အသေသတ်ပစ်မယ်!....အိုးးးး ငါ့ရဲ့ချိစ့်ကိတ်လေးးး!!!

စောင့်နေရတာကကြာလို့စိတ်တိုနေပါတယ်ဆို၊ ပါးစပ်ထဲဝင်တော့မယ့်ကိတ်လေးပါလွတ်သွားတာကြောင့် ရာသီဥတုကသိပ်သာယာမနေ.....

[ဒီကရာသီဥတုဆိုတာက စိတ်ကိုပြောတာပါနော်...]

တကယ့်တကယ်ကျတော့လည်း အပြစ်တင်ချင်ရင်တောင် မတင်နိုင်ပါ.....ဘာလို့ဆို crushဖြစ်သူရိ​ပေါ်ကြီးက သောက်ရမ်းချောလွန်းနေတာကိုးးး

**ချောလွန်းတဲ့အလှပကေးလေး အဲလေ ခန့်လွန်းတဲ့အလှကြီးဆိုမှတော့ အိမ်းး ငါလေးခွင့်လွှတ်ပေးလိုက်ပါမယ်လေ...**

ချစ်ရတဲ့သူနဲ့ စားချင်စရာ ချိစ့်လေးနဲ့မှာ ချစ်ရသူကိုပဲအလျော့ပေးလိုက်ရတာဆိုတော့ ပြုတ်ကျသွားတဲ့ချိစ့်ကိတ်လေးကို တစ်ရှူးလေးနဲ့​ကောက် အောက်နားကအမှိုက်ပုံးလေးထဲ "ပလုပ်"ဆို ကိစ္စပျက် အနိစ္စ ဒုက္ခ အနန္တဆိုပြီး သံဝေဂတရားလေးနဲ့လွှတ်ပစ်လိုက်ရတော့တာပေါ့....

**အားရီးဂူးးး ငါ့ကိတ်လေး နောက်မှဒယ်ဒီပိုစားပေးမယ်...ရွှတ်....***

ကိတ်လေးလဲလွှင့်ပြီးရော ရှောင်ကျန့်တစ်ယောက်သူ့ချစ်ရသူကြီးကိုဘုကြည့်ကြည့်လိုက်သည်။

" ဟွန့် လာသေးတယ်နော်....တော်သေးတာပေါ့ မိုးလင်းတော့မှလာမယ်ထင်နေတာ...."

တကယ်တမ်းရှောင်ကျန့်ပြောချင်သည်ကအယ့်လို မဟုတ်ပေ။***လာသေးတယ်နော်..မသိပါဘူး ငါကမင်းများသေပြီလားလို့..***လို့ သူပြောလိုက်ချင်ပေမယ့်လို့  ရိပေါ်ရဲ့အရှိန်အဝါတစ်ချို့ကြောင့် အယ့်တိုင်းမပြောရဲပေ...

"sorryပါ ကျန့်ရယ် ကိုယ်လာခါနီးမှကိစ္စလေးတစ်ခုပေါ်လာလို့ပါ..."

ဟုတ်တယ် အဲ့ကိစ္စ...ဒင်းလုပ်လို့ငါနောက်ကျရတာ....

ရိပေါ်ခမျာရှောင်ကျန့်နဲတွေ့ချင်လွန်းလို့အလုပ်အမြန်လုပ်ကာမှပေါ်လာလိုက်တဲ့ ပြဿနာတွေဆိုတာ ဒီနေ့မှသေမလိုပဲ....

You've reached the end of published parts.

⏰ Last updated: Jun 17, 2022 ⏰

Add this story to your Library to get notified about new parts!

You're my destinyWhere stories live. Discover now