အပိုင်း ၃၀၈ : နှမြောစရာပဲ

Start from the beginning
                                    

ဟော်မင်က သူ၏ဓားကို ခုတ်ချလိုက်သောအခါ လေထုအတွင်းတွင် လှိုင်းတွန့်များ တုန်ခါသွားခဲ့ပြီး၊ ကမ္ဘာဖျက် စွမ်းအားမျိုးဖြင့် သိပ်သည်းသော အနက်ရောင် ဒဏ်ရာတစ်ခုကို ချန်ထားရစ်နိုင်ခဲ့သည်။

ဇူရီက သူ၏ခေါင်းအား အနည်းငယ် ညိတ်လိုက်ကာ ပြောလိုက်သည်။ "အသူရာ ကမ္ဘာဖျက် ဓားသွား… တကယ်ကို အထင်ကြီးဖွယ် ကောင်းလှပါတယ်"

ဘာပဲပြောပြော ဟော်မင်သည် ရွှေရောင်ဗဟိုချက် နောက်ဆုံး အဆင့်မှ ကျင့်ကြံသူ တစ်ယောက်ဖြစ်၏။ သူ၏ မှော်စွမ်းအင် ရေအိုင်မှာ သိပ်သည်း၍၊ ဇူရီထက် ပိုကြီး၏။ ဇူရီအနေဖြင့် သူ့အား ထိပ်တိုက်ရင်ဆိုင်၍၊ အသာစီး မရနိုင်ချေ။

ဇူရီသည် သူ့ရန်သူ၏ ခွန်အားကို သူ၏အားနည်းချက် တိုက်ခိုက်ရန်၊ ရည်ရွယ်ချက် မရှိခဲ့ပေ။ ဟော်မင်၏ ကြမ်းတမ်းသော ဓားသွားနှင့် ရင်ဆိုင်ရာတွင်၊ သူသည် ဓားကို လျှင်မြန်စွာနှင့် နှစ်ချက်ဝှေ့ယမ်းလိုက်၍၊ အလင်းနှင့်အမှောင် ဓားချီနှစ်တန်းအား ထုတ်လွှတ်လိုက်၏။ အလင်းရောင် ဓားချီတန်းမှာ မျက်စိကျိန်းလောက်အောင် တောက်ပလှ၍၊ အနက်ရောင် ဓားချီတန်းမှာ သေမင်းစွမ်းအင်များဖြင့် မှောင်မည်းနေ၏။

ထိုဓားချီနှစ်တန်းတို့သည် လေထုထဲတွင် အချင်းချင်း နှောင်ပတ်ရစ်ဖွဲ့သွားကြကာ၊ ကောင်းကင် အလင်းနှင့်အမှောင် မန်ဒလာ မဟာနယ်နိမိတ် အဖြစ်သို့ အသွင်ပြောင်းသွားကြသည်။ သူသည် ဧရာမ အဝတ်အိတ်ကြီး တစ်ခုအား ဖွင့်ထားလိုက်သည့်အတိုင်း၊ ဟော်မင်၏ ဓားကွက်နှင့် ရင်ဆိုင်ရန် ဟန်ပြင်လိုက်၏။

ဟော်မင်၏ သူ့ထံသို့ တဟုန်ထိုး ပြေးဝင်လာမှုသည်၊ သူ၏အရှေ့မှ ဧရာမ အဝတ်အိတ်ကြီး အတွင်းသို့ ပြေးဝင်လာခြင်းနှင့် တူနေပေသည်။

ဇူရီ၏ ကောင်းကင် အလင်းနှင့်အမှောင် မန်ဒလာ မဟာနယ်နိမိတ်ကို မြင်ဖူးထားကြသူများမှာ၊ ဟော်မင်က သူ၏လမ်းကြောင်းကို ရုတ်ချည်းရပ်တန့်လိုက်လျှင်ပင်၊ ဇူရီ၏ မန်ဒလာမှာ အရှေ့သို့ တိုးဝင်လာခဲ့၍ သူ့အား မျိုချလိုက်လိမ့်မည်ဟု သိထားကြ၏။

ကောင်းကင် အလင်းနှင့်အမှောင် မန်ဒလာ မဟာနယ်နိမိတ် အတွင်းသို့ ရောက်သွားခဲ့လျှင်၊ ဟော်မင်သည် သူ၏ ရှင်ခြင်းသေခြင်းတို့အား ကိုယ်တိုင်ထိန်းချုပ်ပိုင်ခွင့် ရှိတော့မည် မဟုတ်ပေ။ ဇူရီသည် ကမ္ဘာပျက်သည့် ပုံစံအသေးစားလေး တစ်ခုအတိုင်း၊ သူ၏ မန်ဒလာအား ပြိုကျပျက်စီးစေနိုင်သည်။ ထိုဖျက်ဆီးမှု စွမ်းအားသည်၊ ရွှေရောင်ဗဟိုချက် အဆင့်မှ ကျင့်ကြံသူ တစ်ယောက်က ခုခံနိုင်သော အရာမဟုတ်ချေ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now