အပိုင်း ၂၈၉ : ဆီမီးဖိုင်နယ် မဲနှိုက်ခြင်း

394 58 0
                                    

အပိုင်း ၂၈၉ : ဆီမီးဖိုင်နယ် မဲနှိုက်ခြင်း

"ရှေးဟောင်း ကွန်ဖြူးရှပ်ဂိုဏ်း?" ဇူရီ၏ မျက်လုံးများသည် လင်းဖုန်းအပေါ်သို့ ရောက်လာခဲ့သည်။

လင်းဖုန်းက ခေါင်းညိတ်လိုက်သည်။ "ရှေးခေတ်တုံးက ကွန်ဖြူးရှပ်လို့ခေါ်တဲ့ လူတစ်ယောက် ရှိခဲ့တယ်။ သူက အသက်သုံးနှစ်ကစပြီး စာပေစတင် လေ့လာခဲ့တယ်။ သူရဲ့ နေ့စဉ်အလုပ်တွေက စာဖတ်ခြင်း၊ စာရေးခြင်းနဲ့ တွေးခေါ်ခြင်းတို့ပဲ ဖြစ်တယ်။ သူက သိုင်းပညာတွေ၊ မှော်စွမ်းရည်တွေ ဘာမှ လေ့မကျင့်ခဲ့ဘူး။ သူ့ရဲ့စိတ်ကို ဗဟုသုတ ရှာဖွေခြင်းရဲ့ အပေါ်မှာပဲ လုံးဝနစ်မြှုပ်ထားခဲ့တယ်"

"ဒီပညာရှိကြီးဟာ အသက်တစ်ရာကျော်တဲ့အထိ နေသွားခဲ့တယ်၊ သူ့ကို သက်ရှိဒဏ္ဍာရီတစ်ပါးလို့ သတ်မှတ်ခံခဲ့ရတယ်။ သူအသက် တစ်ရာ့သုံးနှစ်ရှိတဲ့အချိန် မိုးရွာနေတဲ့ နေ့တစ်နေ့မှာ၊ သူဟာ ရုတ်တရက် ဉာဏ်အလင်းပွင့်သွားခဲ့ပြီး၊ သူသိထားသမျှ အရာအားလုံးကို စုစည်းပြီး ဆေးမီးဖို တစ်ခုအပေါ်မှာ ထွင်းထုခဲ့တယ်။ အဲ့ဒီဆေးမီးဖိုလေးဟာ ပေါက်ကွဲသွားခဲ့ပြီး၊ အဆောက်အအုံ တစ်ဆယ့်နှစ်ထပ် တိုင်တိုင် ထိုးဖောက်သွားခဲ့တယ်။ ပြီးတာနဲ့ သူဟာ တာဝါကို ထူထောင်နိုင်ခဲ့ပြီး၊ ဆေးလုံးကို ဖော်ဆောင်နိုင်ခဲ့တယ်"

လင်းဖုန်း၏ အမူအရာသည် အံ့ဩလေးနက်နေသည့်ပုံ ပေါက်နေခဲ့သည်။ သူက ဒီပုံပြင်ကို ပထမဦးစွာ ကြားခဲ့ရသော အချိန်တွင်၊ မယုံနိုင်အောင် ဖြစ်ခဲ့ရသည်။

"သူပထမဆုံး ဆေးလုံးကို ဖော်ဆောင်တဲ့ အချိန်မှာ၊ မနက်ခင်းပိုင်းကို ရောက်နေပြီ။ နေ့လည်အချိန်မှာ သူဟာ အနည်းငယ် ကြီးထွားလာပြီး၊ ညနေအချိန်ရောက်တော့ ပြီးပြည့်စုံပြီး လုံးဝိုင်းနေပြီ။"

"ညတစ်ညလုံး၊ မိုးသက်မုန်တိုင်းတွေ ကျရောက်နေခဲ့တယ်။ ဒီပညာရှိဟာ မိုးကြိုးတွေရဲ့ အင်အားကို ဆွဲယူပြီး၊ သူရဲ့ ရွှေရောင်ဗဟိုချက်ကို ဦးတည်စေခဲ့ကာ တစ်ညထဲနဲ့ အခြေတည်ဝိညာဉ် အဆင့်ကို ပြီးမြောက်နိုင်ခဲ့တယ်။"

"ပြီးတာနဲ့ ဒီပညာရှိဟာ ဆက်လက်ပြီး လေ့ကျင့်လေ့လာ သင်ယူရင်း၊ သူ့ရဲ့ ဗဟုသုတတွေနဲ့ အသစ်ရလာတဲ့ စွမ်းအင်တွေကို ပေါင်းစည်းပြီးမှ အင်မော်တယ် ဝိညာဉ် အဆင့်ကို ရောက်ရှိခဲ့တယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now