အပိုင်း ၂၂၀ : ဖွင့်ပွဲ အခမ်းအနား

430 61 0
                                    

အပိုင်း ၂၂၀ : ဖွင့်ပွဲ အခမ်းအနား

အဝေးက မိုးကုတ်စက်ဝိုင်းမှာ၊ ရောင်စုံတိမ်တိုက်တွေဟာ လှစ်ဟသွားခဲ့ကာ အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားတဲ့ သေးသွယ်ပြီး ကျက်သရေရှိတဲ့ အမျိုးသမီးငယ် တစ်ယောက်ရဲ့ ပုံရိပ်ကို ဖော်ပြလိုက်ပါတယ်။

သူမဆီကနေ တည်ကြည်လေးနက်တဲ့ အော်ရာတွေဟာ ထွက်ပေါ်နေခဲ့ကာ၊ သူမရဲ့ ချောမောသိမ်မွေ့တဲ့ မျက်နှာသွင်ပြင်ဟာ သူမရဲ့ အဆင့်အတန်းကို ဖော်ပြနေခဲ့ပါတယ်။ သူမဟာ ဟင်းလင်းပြင် ဘုရားကျောင်းရဲ့ အရင်က မြင့်မြတ်တဲ့ အပျိုစင် သမီးတော်ဖြစ်တဲ့ ယန့်မင်းရွဲ့ပဲ ဖြစ်ပါတယ်။

ဟိုးအဝေးကြီးက မိုးကုတ်စက်ဝိုင်းရဲ့ အလွန်မှာ ရှိနေတဲ့လို့ ထင်နေရတဲ့ ယန့်မင်းရွဲ့ဟာ၊ ခြေတစ်လှမ်း လှမ်းလိုက်ရုံနဲ့ အားလုံးရဲ့ အရှေ့ကို ရောက်လာခဲ့ပါတယ်။ သူမဟာ နူးညံ့စွာနဲ့ သူမရဲ့ ဆံနွယ်တွေကို နားရွက်နောက်ကို သိမ်းလိုက်ကာ လင်းဖုန်းကို ပြုံးပြလိုက်ပါတယ်၊ "မာစတာလင်း၊ နေကောင်းရဲ့လား?"

ယန့်မင်းရွဲ့ကို မှတ်မိနေကြတဲ့ လူတွေအားလုံးရဲ့ ခေါင်းထဲမှာ မေးခွန်းတွေနဲ့ မြည်ဟည်းနေခဲ့ပါတယ်၊ "ဒါက အရင်က တာအိုခြေလျှင် ခရီးသည် မဟုတ်လား? သူမက ပျောက်နေတာ နှစ်ပေါင်းအတော်ကြာ ရှိနေခဲ့ပြီ မဟုတ်လား? အခုအချိန်မှာ သူမက ဘာဖြစ်လို့ ရုတ်တရက် ပေါ်လာရတာလဲ?"

လူများစွာတို့ရဲ့ မျက်လုံးတွေဟာ ကောင်းကင်ပေါ်က ယင်-ယန် ဖန်ဆင်းခြင်းနဲ့ ယိုယွင်းခြင်း ဝင်္ကပါကို အာရုံစိုက်နေကြပါတယ်။ သူတို့ရဲ့ မြင်ကွင်းတွေဟာ ပိတ်ဆို့ခံထားရပေမဲ့၊ ယန့်မင်းရွဲ့ရဲ့ တာအိုခြေလျှင် ခရီးသည် ရာထူးကို ဆက်ခံထားတဲ့ ပန်ကျဲဟာ၊ ဒီဝင်္ကပါရဲ့ အထဲမှာ ပိတ်ဆို့ခံနေရတာကို သိနေခဲ့ကြပါတယ်။

လင်းဖုန်းဟာ ယန့်မင်းရွဲ့ကို ကြည့်လိုက်ကာ၊ သူ့ရဲ့အရှေ့က လူတွေအားလုံးကို ဝေ့ကြည့်လိုက်ပါတယ်။ သူတို့အားလုံးရဲ့ အထဲမှာ၊ ယန့်မင်းရွဲ့ ပေါ်လာတာကို မအံ့ဩတဲ့သူဆိုလို့ မေဝူလန် တစ်ယောက်သာ ရှိနေခဲ့တာပါ။

ဒါကြောင့်မို့ပဲ လင်းဖုန်းဟာ ယန့်မင်းရွဲ့က မေဝူလန်နဲ့ အတူလာခဲ့တယ် ဆိုတာကို ကောက်ချက်ချနိုင်ခဲ့ပါတယ်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now