အပိုင်း ၂၈၂ : ရှောင်လွဲဖို့ ဆိုရင်လည်း၊ တစ်ယောက်က နည်းစနစ်တွေ လိုအပ်တယ်

388 55 0
                                    

အပိုင်း ၂၈၂ : ရှောင်လွဲဖို့ ဆိုရင်လည်း၊ တစ်ယောက်က နည်းစနစ်တွေ လိုအပ်တယ်

မျှတစွာ မဲနှိုက်ရာတွင် တစ်ယောက်သည်၊ သူတို့က နေလဓားဂိုဏ်းမှ တပည့်များနှင့် တွေ့နိုင်မည်ဟု အာမမခံနိုင်ပေ။

ထို့အပြင် နေမင်းအလင်းတန်း ဓားမာစတာ၏ ဆုံးဖြတ်ချက်အောက်တွင်၊ နေလဓားဂိုဏ်းသည် စုံတွဲအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်သော်လည်း၊ သူတို့သည် စုံတွဲလေးတွဲအစား လူလေးယောက်ကိုသာ စေလွှတ်၍ စုံတွဲနှစ်တွဲကိုသာ ဝင်ရောက်ပြိုင်ဆိုင်စေခဲ့သည်။

ထိုအတွဲ တစ်တွဲနှင့် တွေ့ရန်မှာ၊ ကံကောင်းမှုလည်း လိုအပ်သည်။

သို့သော်လည်း လင်းဖုန်းသည် သူ၏ တပည့်များ အပေါ်တွေ ယုံကြည်ချက် ရှိပြီးဖြစ်သည်။ သူ၏ကံက မကောင်း၍ သူ၏တပည့်များသည် သူတို့နှင့် အချိန်မတိုင်မှီ တွေ့ခဲ့လျှင်လည်း၊ ဝမ်လင်း၊ ယွဲ့ဟုန်ယန်နှင့် ယန်ချင်တို့ကာ နောက်ဆုံး၈ယောက် အတွင်းသို့ ဝင်နိုင်သည်ဟု သူက ယုံကြည်နေသည်။

နေလဓားဂိုဏ်းမှ စုံတွဲတို့နှင့် တိုက်ခိုက်ရာတွင်၊ တစ်ယောက်သည် သူတို့၏ ပူးပေါင်းတိုက်ခိုက်နိုင်စွမ်းကို သတိထားရမည် ဖြစ်သည်။ အကယ်၍ နေလဓားဂိုဏ်းနှင့် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းတို့ နှစ်ဘက်စလုံးသည် နောက်ဆုံး ၈ယောက်အတွင်းသို့ ဝင်သွားပါက၊ သူတို့နှစ်ဘက်၏ တွေ့ဆုံနိုင်မှုမှာ အလွန်မြင့်မားပေသည်။

ကျူးကော်ဖန်းလင်အား အဘယ်ကြောင့် ရှေးဟောင်း ဟွမ်ဟိုင်ကမ္ဘာ အတွင်းသို့ ခေါ်ဆောင်သွားရသနည်း ဟူမူကား၊ လင်းဖုန်းတွင် သူ့အကြောင်းနှင့်သူ ရှိပြီးဖြစ်သည်။ သို့သော်လည်း သူတစ်ယောက်ကသာ သူမ၏ အလားအလာများကို သိရှိတိုင်းတာနိုင်သဖြင့်၊ ကျန်သောသူများ အနေဖြင့် သဘောပေါက်ရန် မလွယ်ပေ။

ထို့ကြောင့် ကျူးကော်ဖန်းလင်သည် ကျန်သော အချက်အလက်များတွင် သာမန်သာ ဖြစ်သော်လည်း၊ ကောင်းချီးမင်္ဂလာ အမှတ်မှာ ၉မှတ်ရသည်ကို သူတစ်ယောက်သာ သိသည်။ သူမသည် ကံကောင်းခြင်း အဆောင်လက်ဖွဲ့ တစ်ခုဟု ပြောနိုင်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now