အပိုင်း ၂၅၃ : အဆင့်သုံးဆင့် အကြံအစည်

428 51 0
                                    

အပိုင်း ၂၅၃ : အဆင့်သုံးဆင့် အကြံအစည်

မုယုံယန်ရန်က စတင်၍ စိန်ခေါ်ရဲခဲ့ခြင်းမှာ သူမက ပြိုင်ဘက်အား အနိုင်ယူရန် နည်းလမ်းတစ်ခုရှိ၍ မဟုတ်ချေ။ သူမက အချိန်ဆွဲနေလည်း ဘာမှမထူးတော့၍ဖြစ်သည်။ တိုက်ပွဲကို ကြိုတင်စတင်၍ စောစောစီးစီး ဖြေရှင်းထားလိုက်ခြင်းက ပို၍ကောင်း၏။

သူမတို့၏ တိုက်ပွဲသည် မစခင်ကတည်းက အဖြေပေါ်နေသော တိုက်ပွဲဖြစ်သည်။

မုယုံယန်ရန်သည် အဆိုးမြင်ဝါဒီတစ်ယောက် မဟုတ်ချေ။ သူမသည် တိုက်ပွဲစသည်နှင့် သူမ၏ အစွမ်းရှိသလောက် တိုက်ခိုက်ခဲ့သည်။ ကံမကောင်းလှစွာနှင့် ယခုအချိန်တွင် ရှောင်ယန်နှင့်သူမတို့သည် အဆင့်တူ မဟုတ်ခဲ့ပေ။

မီးတောက်နဂါး ကောင်းကင် ချပ်ဝတ်တန်ဆာကို မလိုခဲ့ချေ။ ထို့အတူ ရောင်ခြည်နတ်ဆိုး အာဏာရှင်ဓား၊ အကြွင်းမဲ့မီးတောက် နှစ်ခု၊ စကြာဝဠာ ကြေးမုံ၊ မဟူရာ တိမ်တိုက်အလံ စသည်တို့ကိုလည်း မလိုခဲ့ချေ။

ဒီမတိုင်ခင် ချုံးယွင်မင်းသားနှင့် ကြမ်းတမ်းသော တိုက်ပွဲတစ်ခုကို ဆင်နွှဲထားသော်လည်း၊ ရှောင်ယန်သည် သူ၏ကိုယ်ပိုင် မှော်စွမ်းအင်၊ စွမ်းရည်တို့နှင့် မုယုံယန်ရန်အား လွှမ်းမိုးနိုင်ခဲ့သည်။

အလင်းဓားမြန်ဂိုဏ်းမှ တပည့်အားလုံးတို့သည် မျက်နှာလွှဲထားလိုက်ကြသည်။ သူတို့သည် ယခုတိုက်ပွဲ၏ အဖြေကို ကြည့်နိုင်စွမ်း မရှိကြချေ။

မုယုံယန်ရန်၏ မျက်နှာပေါ်မှာ အရောင်တစ်စက်မှ မရှိတော့ပေ။ သို့သော်လည်း သူမသည် ခေါင်းမာစွာနှင့် ကြံ့ကြံ့ခံနေခဲ့ကာ၊ ပြိုလဲရန် ငြင်းဆိုခဲ့သည်။ ရှောင်ယန်နှင့် သူမတို့သည် ခြေတစ်လှမ်း အကွာမှ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။ အဝေးမှကြည့်လိုက်လျှင် စုံတွဲတစ်တွဲနှင့် တူနေပေသည်။

သို့သော်လည်း အမှန်တကယ်တွင်မူ၊ ဤကောင်လေးနှင့် ကောင်မလေး အကြားတွင်၊ ဆွဲဆောင်မှုတို့သည် ဆန့်ကျင်ဘက် ဖြစ်နေ၏။

"ကျွန်မရဲ့ ရင်ထဲက စကားနဲ့ပြောရရင်၊ အဲ့ဒီအချိန်တုံးက ကျွန်မက ရှင့်ရဲ့စွမ်းရည်ကြောင့် အထင်သေးခဲ့တယ် ဆိုတာကို ဝန်ခံပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ အဲ့ဒီနေ့က ကျွန်မက အမြင်ကျဉ်းခဲ့တယ် ဆိုတာက သိသာပါတယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now