အပိုင်း ၂၆၂ : လမ်းပြပါ

389 60 0
                                    

အပိုင်း ၂၆၂ : လမ်းပြပါ

ကွေနွားဘုရင်က ဦးဆောင်၍ ရာနှင်ချီသော ကွေနွားများသည် အညံ့ခံခြင်းနှင့် သစ္စာစောင့်သိခြင်းတို့ကို ပြသသည့် အနေနှင့်၊ လင်းဖုန်းအား တစ်ပြိုင်နက် ဒူးထောက်ကာ အရိုအသေ ပေးလိုက်ကြသည်။

လက်တစ်ချက် ဝှေ့ယမ်းလိုက်ကာ၊ ရှောင်ပုတန်လေးနှင့် ထွမ်းထွမ်းတို့၏ အကျဉ်းသားများအဖြစ် ခေါ်ဆောင်ထားခြင်းကို ခံထားရသော ကွေနွားတို့ကိုလည်း လွှတ်ပေးလိုက်သည်။ သူတို့သည် လင်းဖုန်း၏ မှော်ကျိန်စာဖြင့် အချုပ်နှောင် ခံထားရသော်လည်း၊ ဖြစ်ပျက်သမျှ အကုန်လုံးကို တွေ့မြင်နိုင်စေရန် စီစဉ်ထားပြီး ဖြစ်သည်။

သူတို့သည် လွတ်လပ်ရေး ရရှိပြီးသွားနောက်တွင်၊ ထိုကွေနွား မိစ္ဆာအုပ်ချုပ်သူတို့မှာ ကွေနွားဘုရင်၏ အနောက်တွင် ရပ်လိုက်ကြကာ၊ သူတို့၏ နှလုံးသားထဲမှနေ၍ လင်းဖုန်းအား အရိုအသေ ပြုလိုက်ကြ၏။

"ဒီလောက်ကြီးလည်း အရိုအသေ ပေးစရာ မလိုပါဘူး၊ ထကြပါ" လင်းဖုန်းက ခံစားချက် ကင်းမဲ့စွာဖြင့် ပြောလိုက်သည်။ ကွေနွားဘုရင်နှင့် သူ၏ကလန်တို့ကလည်း ထလိုက်ကြ၏။ လင်းဖုန်းအား ဒုက္ခပေးရန် စေလွှတ်လိုက်သော ကွေနွားများ တစ်ကောင်မကျန် ပြန်လာကြ၍၊ အမွေးတစ်မျှင်မှပင် ဒဏ်ရာမရသည်ကို တွေ့လိုက်ရသဖြင့် ကွေနွားဘုရင်သည် လင်းဖုန်းအား ပို၍ကျေးဇူးတင်နေခဲ့သည်။

ကွေနွားတစ်ကောင်မှ တုတ်တုတ်မလှုပ်ရဲကြပဲ၊ လင်းဖုန်း၏ အရှေ့တွင်သာ စုပေါင်း၍ ရပ်နေကြသည်။ ဘေးတွင်မူ ရှောင်ပုတန်လေးနှင့် ထွမ်းထွမ်းတို့သည် စားသောက်ပွဲကြီး တစ်ခုကို လက်လွတ်လိုက်ရ သကဲ့သို့၊ စိတ်ပျက်လက်ပျက်ဖြင့် မျက်နှာမသာမယာ ဖြစ်နေကြသည်။

လင်းဖုန်းသည် သူတို့၏ အတွေးများကို သိနေခဲ့သဖြင့်၊ ရယ်ချင်ပက်ကျိ ဖြစ်လှစွာ ရှောင်ပုတန်လေး၏ ခေါင်းကို သာသာလေးပုတ်လိုက်သည်။ "မင်းက ကြည့်နေတာတွေကို ရပ်လိုက်တော့။ သူတို့ကို စားလို့မရပေမဲ့၊ အခုအချိန်ကစပြီး သူတို့က မင်းရဲ့ လက်အောက်ကို ရောက်သွားပြီ"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now