အပိုင်း ၁၅၂ : ဂိုဏ်း၏နာမည်

483 60 0
                                    

အပိုင်း ၁၅၂ : ဂိုဏ်း၏နာမည်

"ဟာ... ကျွန်တော်တို့ဂိုဏ်းရဲ့ နာမည်ကို ရွေးတော့မှာလား?" ရှောင်ယန်နဲ့ ရောင်းရင်းများဟာ တစ်ယောက်ကို တစ်ယောက် စိတ်လှုပ်ရှားစွာနဲ့ ကြည့်လိုက်ပါတယ်။

ရှောင်ပုတန်လေးက ပြုံးလိုက်ပြီး... "အား... ဆရာသခင် ခင်ဗျ... ကျွန်တော်တို့ လေးယောက်ဟာ ဒီကမ္ဘာက ဆရာ့ရဲ့ ပထမဦးဆုံးသော တပည့်တွေပဲလားဗျ?"

လင်းဖုန်းကလည်း ရယ်လိုက်ပြီး... "ဟားဟား... မှန်တာပေါ့... ဒါပေမဲ့လည်း တစ်ယောက်ယောက်က အမြဲတမ်းပဲ အငယ်ဆုံးလေး ဖြစ်ချင်နေတယ်လို့ ပြောခဲ့တာကို ငါက မှတ်မိနေသေးတယ်ကွ..."

ရှောင်ပုတန်လေးက ဒီစကားကို ကြားလိုက်ရတော့ ရှက်ကိုးရှက်ကန်းနဲ့ တစ်ခစ်ခစ်သာ ရယ်နေခဲ့ပါတယ်။

ရှောင်ယန်ကတော့ သူ့ရဲ့လက်တွေကို ခေါင်းရဲ့အနောက်မှာ ထားထားခဲ့ပြီး တိုးတိုးလေးပဲ ရေရွတ်နေခဲ့တယ်လေ... "ပထမဆုံး တပည့်? ဒါက ထင်သလောက်လည်း မဆိုးပါဘူး..."

သူတို့ရဲ့ ပင်ကိုယ်စရိုက်နဲ့ ပါရမီတွေ အရဆိုရင်... သူတို့အားလုံးဟာ စိတ်ကြီးဝင်ကြတဲ့ သူတွေသာ ဖြစ်ကြပြီး... တစ်စုံတစ်ယောက်ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ချုပ်ချယ်မှုကို နာခံမဲ့သူတွေ မဟုတ်ကြပါဘူး။

ဒါပေမဲ့လည်း လင်းဖုန်းက သူတို့က ဘာမှမဟုတ်သေးတဲ့ အချိန်ကတည်းက... လုံးဝရက်ရောစွာနဲ့ တာအိုလမ်းစဉ်တွေကို သင်ကြားပေးခဲ့ပြီး... ဂရုတစိုက်နဲ့ နွေးနွေးထွေးထွေး ပြုစုစောင့်ရှောက် ပေးခဲ့ကာ... ဆရာနဲ့ တပည့်တို့ရဲ့ အကြားက နက်ရှိုင်းခိုင်မြဲတဲ့ ဆက်ဆံရေးကောင်းတွေကို အခြေခိုင်အောင် ပြုလုပ်ထားခဲ့တယ်ဆိုတော့... သူတို့အားလုံးဟာ လင်းဖုန်းရဲ့ လက်အောက်မှာ လိုလိုလားလားနဲ့ သင်ကြားမှုတွေ.. ဆုံးမမှုတွေကို ရိုရိုကျိုးကျိုးနဲ့ နာခံနေကြတာပဲ ဖြစ်ပါတယ်။

တကယ်လို့များ ဂိုဏ်းက တခြား အကြီးအကဲတွေကများ... သူတို့ကို ရိုရိုသေသေနဲ့ ဆက်ဆံခိုင်းပြီး သင်ကြားမှုတွေကို နာခံစေမယ် ဆိုပါက... သူတို့ကတော့ လက်ခံနိုင်မှာ မဟုတ်ပါဘူး။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now