အပိုင်း ၁၃၄ : ဂေလာကျောက်စိမ်း

400 54 0
                                    

အပိုင်း ၁၃၄ : ဂေလာကျောက်စိမ်း

လင်းဖုန်းဟာ ဂူအထဲပိုင်းကို ဖြေးဖြေးချင်း ဝင်ရောက်လာခဲ့ပါပြီ။ တောင်ရဲ့ အတွင်းပိုင်းဟာ နက်ရှိုင်းတဲ့ လှိုဏ်ဂူ အခန်းပုံစံမျိုး ဖြစ်နေခဲ့ပြီး... သူက ဥမင်လှိုဏ်ခေါင်းကနေပြီး ထွက်လိုက်တာနဲ့... ကျယ်ပြန့်တဲ့ မြင်ကွင်းဟာ သူ့ကိုစောင့်ကြိုလို့ နေခဲ့တာပါ။

ဒီအခန်းကြီးဟာ မှုန်ဝါးဝါး အလင်းရောင်တွေနဲ့ ထွန်းညှိထားပြီး... နှိမ့်ချတတ်တဲ့ မြေကြီးလိုမျိုး အဝါရောင် သန်းနေခဲ့တယ်လေ။

အဝါရောင် အလင်းတန်းတွေအောက်မှာ ရပ်နေခဲ့ရင်း... လင်းဖုန်းဟာ အသက်ရှူကျပ်လာခဲ့ပြီး... မြေကြီးအောက်မှာ အရှင်လတ်လတ် အမြှုပ်ခံထားရသလိုမျိုး ခံစားလာခဲ့ရပါပြီ။

"ဟာ... ဘယ်လောက်တောင်များ သိပ်သည်းလှတဲ့ မြေကြီးအဆီအနှစ်တွေလည်းကွာ!" လင်းဖုန်းရဲ့ မျက်လုံးအစုံဟာ တောက်ပလာခဲ့ပြီး... အဝါရောင် ကျောက်စိမ်းတုံးကြီး ရှိနေတဲ့ ခန်းမရဲ့ အလယ်ကို ကြည့်လိုက်ပါတယ်။ ပြိုးပြိုးပြက်ပြက်နဲ့ တောက်ပြောင်ချောမွတ်နေတဲ့ ကျောက်စိမ်းဟာ... ဂရုတစိုက် ရွေးချယ်ပြုပြင်ထားတဲ့ သတ္တုတုံးလေးလို လုံးဝကို ဝိုင်းစက်ပြီးမှ နေခဲ့တာပါ။

ဒီအဝါရောင် ကျောက်စိမ်းလေးကနေပြီး ကာကီရောင် အလင်းတန်းတွေကို ထုတ်လွှတ်နေခဲ့ပါတယ်... ဒါကတော့ ထူထဲလှတဲ့ မြေကြီးအဆီအနှစ် ပုံသဏ္ဌာန်ပဲ ဖြစ်တယ်လေ။

လင်းဖုန်းရဲ့ မျက်နှာပေါ်မှာ အပြုံးပန်း တစ်ခုဟာ ဖူးပွင့်လာခဲ့ပြီး... "ဟဲဟဲ... ကြည့်ရတာကတော့ ဒီရတနာဟာ... စကြာဝဠာ ကြေးမုံက ငါ့ကို ရှာခိုင်းတဲ့ ရတနာပဲ ဖြစ်ရမယ်။ ဒီလောက်အထိတောင် သိပ်သည်းပြီး သန့်စင်လှတဲ့ မြေကြီး အဆီအနှစ်ဟာ... စကြာဝဠာ ကြေးမုံရဲ့ ဝူတူး နတ်ဘုရား အလင်းတန်းကို အတော်ကြီးကို အားဖြည့်ပေးနိုင်မှာပဲ!"

"အဲ... ဒါပေမဲ့ တစ်စုံတစ်ယောက်ကတော့ ငါ့ရဲ့မစ်ရှစ်ကို အနှောင့်အယှက် ပေးချင်နေတာပဲ..." လင်းဖုန်းဟာ မဲ့ပြုံးပြုံးလိုက်ပြီး... သူ့ရဲ့ကိုယ်ဟာ လေထဲမှာ လွင့်မျောပြီးမှ သွားခဲ့ပါပြီ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now