အပိုင်း ၂၀၆ : ဒီကမ္ဘာပေါ်မှာ ဘာမှ အလကား မရဘူး

433 50 1
                                    

အပိုင်း ၂၀၆ : ဒီကမ္ဘာပေါ်မှာ ဘာမှ အလကား မရဘူး

ထွမ်းထွမ်းဟာ လင်းဖုန်းကို စိတ်အားထက်သန်စွာနဲ့ စိုက်ကြည့်နေခဲ့ပြီး… လင်းဖုန်းကို သူမရဲ့ စိတ်ထဲမှာ ဘာရှိနေသလည်း ဆိုတာကို နားလည်ဖို့ မျှော်လင့်နေခဲ့ပါတယ်။

လင်းဖုန်းကလည်း သိနေခဲ့ပြီး ဖွဖွလေး ပြုံးလိုက်ကာ… ကောင်းကင်လှောင်အိမ် မှော်အင်းကွက်ကို ပယ်ဖျက်လိုက်ပြီး ဂန်ဂျင်ကျားဘုရင်ရဲ့ အလောင်းတစ်ဝက်ကို ထုတ်လိုက်ကာ… ထွမ်းထွမ်းကို လှမ်းပေးလိုက်ပါတယ်။

တောက်တီမလေးရဲ့ တစ်ကိုယ်လုံးကို ပျော်ရွှင်မှုတွေနဲ့ ဖုံးလွှမ်းသွားခဲ့ပါတယ်။

ဖြစ်လာတဲ့ အရာတိုင်းဟာ ကောင်းလွန်းလို့… ထွမ်းထွမ်းအတွက် ယုံစရာ မကောင်းနေခဲ့ပါဘူး။ သူမဟာ ဂန်ဂျင်ကျားဘုရင်ရဲ့ အလောင်းကို ပတ်ကြည့်နေရင်း… အနည်းငယ် ချီတုံချတုံ ဖြစ်ကာ သံသယတွေ ပွားနေခဲ့ပါတယ်… "သူက ဒါကို အဆိပ်များ ခပ်ထားတာလား?"

လင်းဖုန်းကလည်း သူမကို ရယ်ချင်လှစွာနဲ့ ကြည့်လိုက်ပြီး… ထွမ်းထွမ်းရဲ့ စိတ်ထဲက အတွေးတွေကို သိနေခဲ့ပါတယ်။ သူက ရယ်လိုက်ပြီး… "မင်းက မလိုချင်ရင်လည်း… ငါပြန်သိမ်းလိုက်မယ်လေ…"

ဒီစကားကို ကြားလိုက်တော့ ထွမ်းထွမ်းဟာ တုန်လှုပ်သွားခဲ့ပြီး… ဒီရုပ်အလောင်းကို သူမရဲ့ ကိုယ်သေးသေးလေးနဲ့ ကွယ်ထားခဲ့ကာ… သူမရဲ့ဟာ ဖြစ်နေပြီလို့ ယုံကြည်ထားခဲ့တဲ့ ပစ္စည်းကို အသေခံပြီး ကာကွယ်ဖို့ ကြိုးစားလိုက်ပါတယ်။

"ငါက တောက်တီဖြစ်တယ်… ဒီလိုဆိုတော့ ငါက ဘာအဆိပ်ကိုမှ မကြောက်ဘူး။ ကြိုက်တဲ့အဆိပ် လာခဲ့… ငါက စားပစ်မှာပဲ…" ထွမ်းထွမ်းက သူမရဲ့ ခေါင်းသေးသေးလေးကို လက်နဲ့ ပုတ်လိုက်ပြီး… "ဒီလူဆိုးရဲ့ လှည့်စားခြင်းကို အကြိမ်ပေါင်းများစွာ ခံခဲ့ရတော့… ငါကလည်း ခေါင်းသိပ်မကောင်းတော့ဘူး…"

ဒါကို တွေးမိတာနဲ့ ထွမ်းထွမ်းဟာ နုပျိုသွားသလို ခံစားလိုက်ရပြီး… သူမရဲ့ မူလပုံစံကို ပြန်ပြောင်းလိုက်ကာ ကလေးငယ်ရဲ့ ညည်းတွားသံလိုမျိုး အသံတစ်ခုကို ထုတ်လွှတ်လိုက်ပါတယ်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now