အပိုင်း ၂၉၁ : ဉာဏ်နီဉာဏ်နက် ထုတ်ခြင်းနှင့် ဉာဏ်နီဉာဏ်နက်အား တန်ပြန်ခြင်း

397 56 0
                                    

အပိုင်း ၂၉၁ : ဉာဏ်နီဉာဏ်နက် ထုတ်ခြင်းနှင့် ဉာဏ်နီဉာဏ်နက်အား တန်ပြန်ခြင်း

တော်ဝင်နဂါး ငါးကောင်တို့၏ လျှို့ဝှက်ကျမ်းစာမှနေ၊ ဓာတ်ကြီးငါးပါး အလင်းရောင်နဂါး ဖန်ဆင်းခြင်း မှော်ကျိန်စာအား ထုတ်လွှတ်နိုင်သည်။ ဓာတ်ကြီးငါးပါး အလင်းရောင်နဂါးအား ဖော်ဆောင်ပြီးသွားလျှင်၊ အဆင့်အမြင့်ဆုံးအထိ ကျင့်ကြံနိုင်ပါက၊ အလွန်အမင်း ဖျက်ဆီးနိုင်စွမ်း ကြီးမားသော ဓာတ်ကြီးငါးပါး အလင်းရောင် တော်ဝင်နဂါး၏ အစစ်အမှန် ခန္ဓာကိုယ်အား ဆင့်ခေါ်နိုင်ပေမည်။

ရှီဆောင်ချန်းသည် ထိုကဲ့သို့သော် စွမ်းဆောင်ရည်များ မရှိသေးပေ။ သို့သော်လည်း သူ၏ အခြေခံအုတ်မြစ် အဆင့်မှ ကျင့်ကြံမှုဖြင့်၊ အလင်းရောင်နဂါး နှစ်ကောင်တို့အား ကျင့်ကြံနိုင်ခြင်းမှ ချီးကျူးစရာပင် ဖြစ်သည်။

သူ၏ အမိန့်အောက်တွင် ကြက်သွေးရောင် နဂါးနှင့် အဝါရောင် နဂါးတို့သည် ဟိန်းဟောက်လိုက်ကြကာ၊ ယွဲ့ဟုန်ယန်အား တိုက်ခိုက်လိုက်ကြသည်။

အစောပိုင်းက တိုက်ပွဲများတွင် ရှီဆောင်ကန်းသည် ကြက်သွေးရောင် နဂါးတစ်ကောင်တည်းကို အသုံးပြု၍၊ သူ၏ ပြိုင်ဘက်များကို အနိုင်ယူခဲ့ခြင်း ဖြစ်သည်။ ကွာတားဖိုင်နယ် အဆင့်မှသာ သူသည် အဝါရောင်နဂါးကို ထုတ်လွှတ်ခဲ့ရခြင်းဖြစ်သည်။ အလင်းရောင် နဂါးနှစ်ကောင်၏ ပူးပေါင်းတိုက်ခိုက်မှုဖြင့်၊ သူသည် နိုင်ပွဲကို ရရှိနိုင်ခဲ့ပေသည်။

ယခုအချိန်တွင် ယွဲ့ဟုန်ယန်နှင့် တိုက်ခိုက်ရသောအခါ၊ သူသည် အလင်းရောင် နဂါးနှစ်ကောင်စလုံးအား တပြိုင်နက် ဆင့်ခေါ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ယွဲ့ဟုန်ယန်၏ စွမ်းရည်သည် သူအား ဖိအား အကြီးအကျယ် ပေးနေသောကြောင့် ဖြစ်သည်။

ရှီဆောင်ချန်းသည် အနည်းငယ် ရူးပေါပေါ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော်လည်း ကျင့်ကြံမှုနှင့် စွမ်းရည်တို့တွင်၊ သူသည်လည်း ရှာမှရှားသော ပါရမီရှင် တစ်ယောက်ဖြစ်သည်။

သို့သော်လည်း ယွဲ့ဟုန်ယန်သည် သူ့ထက် တစ်စက်မှ အောက်မကျချေ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now