အပိုင်း ၂၇၀ : အစည်းအဝေးသို့!

441 54 0
                                    

အပိုင်း ၂၇၀ : အစည်းအဝေးသို့!

အစောပိုင်းက ဂိုဏ်း၏ဖွင့်ပွဲ အခမ်းအနားမှ ရှကျိုးတိုက်ပွဲတွင်၊ ခန်းနန်ဟွာနှင့် မြောင်ရှီးဟောင်တို့သည် သူတို့၏ ရဲစွမ်းသတ္တိများဖြင့် ဂိုဏ်းအား အကျိုးဆောင်ပေးခဲ့သည်။ ထို့ကြောင့် လင်းဖုန်းက ဆုချသည့် အနေနှင့်၊ သူတို့အား ကောင်းကင်စကြာဝဠာ အလင်းတန်းကမ္ဘာ အတွင်းတွင် တစ်ရက်တာ လေ့ကျင့်ရန် ခွင့်ပြုခဲ့သည်။

မြောင်ရှီးဟောင်ကလည်း ထိုအခွင့်အရေးအား အသုံးပြုရန် ဆုံးဖြတ်ခဲ့ကာ၊ ကောင်းကင်စကြာဝဠာ အလင်းတန်းကမ္ဘာ အတွင်းသို့ဝင်၍ တံခါးပိတ် လေ့ကျင့်နေခဲ့ခြင်း ဖြစ်သည်။

လင်းဖုန်းကလည်း သူသည် ယခုအခွင့်အရေးအား အပိုင်အသုံးချကာ သူ၏ တစ်ဆို့ကြန့်ကြာနေသော အတားအဆီးများကို ချိုးဖောက်၍၊ အခြေတည်ဝိညာဉ် အလယ်အလတ် အဆင့်သို့ တစ်ခါတည်း ရောက်ရှိရန် ကြိုးစားနေသည်ဟု သိနေခဲ့သည်။

လင်းဖုန်းထံမှ တစ်ခုတည်းသော ကောင်းကင်ဘုံ အကြွင်းမဲ့ရေကို ရပြီးနောက်တွင်၊ မြောင်ရှီးဟောင်သည် သူ၏ ချန်းလန်ရေပြင် နည်းစနစ်အား ပြည့်စုံအောင် လုပ်နိုင်ရုံတင် မကပဲ၊ သူ၏ ပုံရိပ်ယောင် မန္တန်အားလည်း အဆင့်မြှင့်နိုင်ခဲ့သည်။ ရှကျိုးမြို့မှ တိုက်ပွဲ အတွေ့အကြုံ အပြီးတွင်၊ မြောင်ရှီးဟောင်သည် အခြေတည်ဝိညာဉ် အလယ်အလတ် အဆင့်၏ တံခါးဝသို့ ရောက်နေခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့်ပင် မြောင်ရှီးဟောင်သည် ယခုတစ်ခေါက် တံခါးပိတ် လေ့ကျင့်မှု အပြီးတွင်၊ အောင်မြင်စွာနှင့် အဆင့်တစ်ဆင့်ကို မြှင့်တင်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။

ကောင်းကင်ကိုးလွှာမှ သန့်စင်သောလေထုသည် အနန္တ လေဟာနယ်တို့ကို ဖြတ်ကျော်ကာ၊ ကောင်းကင်စကြာဝဠာ အလင်းတန်းကမ္ဘာ အတွင်းသို့ ရောက်ရှိလာခဲ့သည်။ မြောင်ရှီးဟောင်သည် မဟူရာကောင်းကင် ရတနာသစ်ပင်လေး၏ အကိုင်းတစ်ကိုင်းပေါ်တွင် ငြိမ်သက်စွာဖြင့် ထိုင်နေခဲ့သည်။ သူ၏နဖူးက လှစ်ဟသွားခဲ့ကာ၊ ကောင်းကင်ကိုးလွှာ သန့်စင်သောလေသည် အတွင်းသို့ ဝင်သွားခဲ့၏။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now