အပိုင်း ၁၇၅ : ရွေးချယ်မှု နည်းသောလမ်း

437 71 1
                                    

အပိုင်း ၁၇၅ : ရွေးချယ်မှု နည်းသောလမ်း

အပြင် လူ့လောကမှာ လူတွေဟာ ကိုယ့်ရဲ့ အဆင့်အတန်း… သက်ဆိုင်ရာ အခြေအနေတွေနဲ့ အညီ လိုက်လျောညီထွေဖြစ်တဲ့ ဝတ်စုံမျိုးကို ဝတ်ဆင်ရမှာပါ။

စူတောင်ဓားဂိုဏ်းက ဓားတပည့်တွေဟာ တစ်ယောက်ချင်းက ဝတ်ဆင်တဲ့ ဝတ်စုံမျိုးက မတူခဲ့ပေမဲ့… သူတို့ကိုင်ဆောင်တဲ့ ဓားအမျိုးအစားက အကုန်လုံး အတူတူပါပဲ။

မီးလျှံဓားဂိုဏ်းရဲ့ ဝတ်စုံကတော့ တောက်ပလှတဲ့ အနီရောင် ဝတ်စုံပါ။

လွန်လေပြီးသော မဟာမိုးကြိုး ကျောင်းတော်ကြီး အနေနဲ့ ဆိုရင်တော့… သူတို့မှာက အထူးသတ်မှတ်ထားတဲ့ ဝတ်စုံမျိုး မရှိပါဘူး။ သင်္ကန်းအရောင်တွေ အနေနဲ့ ဆိုရင် ကြက်သွေးရောင်.. အဝါရောင် တောက်တောက်နဲ့ ခဲပုပ်ရောင်… တစ်ချို့က ရွှေရောင်ချည်မျှင်နဲ့ တစ်ချို့ဆိုရင် ကျောက်စိမ်း ကြယ်သီးတွေတောင် တပ်ထားကြတာပါ။

ပုံစံအနေနဲ့ ဆိုရင်လည်း ကွဲပြားခြားနားမှုတွေ ရှိပါတယ်။ တစ်ချို့က သင်္ကန်းတွေကို ဝတ်ရုံလိုမျိုး ဝတ်ဆင်ကြပြီး… တစ်ချို့ကတော့ ညာဘက်ပုခုံးပေါ်မှာ လွှားတင်ထားကြတာပါ။ သင်္ကန်းတွေကိုသာ အားလုံးစုစည်းလိုက်ရင်… မဟာမိုးကြိုး ကျောင်းတော်ကြီးဟာ အဝတ်ဆိုင်တစ်ဆိုင် ဖွင့်လို့ရလောက်ပါတယ်။

အပေါ်က ဥပမာတွေဟာ ထုံးတမ်းစဉ်လာအရ ဝတ်ဆင်ကြတာပဲ ဖြစ်တာပါ။

သပ်ရပ်သေသပ်ပြီး ထူးခြားတဲ့ တူညီဝတ်စုံတွေဟာ ဂိုဏ်းတစ်ဂိုဏ်းအတွက် အလွန်အရေးပါပါတယ်။ အပြင်လူတွေ အနေနဲ့ သူတို့ဟာ ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်နိုင်ပြီး… ကိုယ်ပိုင် တပည့်တွေ အနေနဲ့ကလည်း အချင်းချင်း စည်းလုံးညီညွှတ်မှုတွေ ပိုရှိနိုင်တာပါ။

လင်းဖုန်းရဲ့ အရင်ဘဝက ကျောင်းတက်ရင်လည်း ယူနီဖောင်းတွေ ဝတ်ရတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ယူနီဖောင်းရဲ့ ဒီဇိုင်းတွေက မလှဘူး ဆိုရင်တော့… ကျောင်းသူကျောင်းသားတွေရဲ့ ဆန္ဒပြတာကို ခံရမှာပဲ ဖြစ်တာပါ။

သူ့ရဲ့လက်ကို ဝေ့ယမ်းလိုက်တော့… လင်းဖုန်းရဲ့ တပည့်လေးယောက်တို့ဟာ ခရမ်းရောင် တိမ်တိုက်တွေနဲ့ ဖုံးလွှမ်းသွားခဲ့ပြီး… သူတို့ရဲ့ အရင်က ဝတ်ထားတဲ့ အဝတ်အစားတွေ အစား… ခရမ်းရောင် ဝတ်ရုံလေးစုံတို့ဟာ သူတို့ရဲ့ ခန္ဓာကိုယ်တွေကို ရစ်ပတ်လွှမ်းခြုံ ထားခဲ့ပါပြီ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now