အပိုင်း ၁၄၇ : မျိုချပြီး ခြေဆောင့်နင်းခြင်း

445 62 1
                                    

အပိုင်း ၁၄၇ : မျိုချပြီး ခြေဆောင့်နင်းခြင်း

ချန်ကန်းနဲ့ အဖွဲ့ဟာ လင်းဖုန်းက လျှိုယန်ကို သတ်ဖြတ်ခဲ့တဲ့ မြင်ကွင်းကို ကြည့်ပြီးမှ... မေးရိုးတွေ အောက်ပြုတ်ကျ ကုန်ကြပါပြီ။

ဒီမူလကောင်းကင် ကမ္ဘာကြီးက ဓားပညာမှာ အကြီးမားဆုံးဂိုဏ်းက အဓိက တပည့်တစ်ယောက်ဟာ... တကယ်ကိုပဲ အသတ်ခံလိုက်ရတာလား?!

လျှိုယန်ဟာ ပေါ့သေးသေး တပည့်မဟုတ်ပါဘူး။ သူဟာ စူတောင်ဓားဂိုဏ်းရဲ့ ထိပ်တန်းလျှို့ဝှက် ဓားကျမ်းတွေကို လေ့ကျင့်ထားပြီး... စူတောင် ဓားလမ်းစဉ် ခြောက်သွယ်ရဲ့ အဓိကတပည့် တစ်ယောက်ဖြစ်ပါတယ်။ သူဟာ အတောက်ပဆုံး တပည့်တွေထဲက တစ်ယောက်ဖြစ်ပြီး... အနာဂတ်မှာ အလားအလာကောင်းတွေ အများကြီး ရှိတာပါ။

"မင်း.. မင်းက ဘာဖြစ်လို့..." ချန်ကန်းက ရေရွတ်ပြီး လင်းဖုန်းကို လက်ညှိုးထိုးလိုက်တော့... လင်းဖုန်းက ပြုံးဖြီးဖြီးနဲ့ ပြန်ကြည့်လိုက်ရာ... ချန်ကန်းက ပါးစပ်ပိတ်သွားခဲ့ပါတယ်။

သူကလည်း လွတ်လမ်းမမြင်တော့... ချန်ကန်းဟာ သူ့ရဲ့ အိတ်ကပ်ထဲကနေ ကျောက်စိမ်းပြား တစ်ချပ်ကို ထုတ်ယူလိုက်ကာ လေပေါ်ကိုမြှောက်တင်လိုက်ပါပြီ။ အစိမ်းရောင် ကျောက်စိမ်းပြားလေးဟာ နေရောင်နဲ့ တောက်ပသွားခဲ့ပြီး မြေပြင်ပေါ်ကို မျက်စိမဖွင့်နိုင်လောက်အောင် အလင်းတန်းတွေ ဖြာကျလာခဲ့ပြီလေ။ ဒီအလင်းတန်းတွေ အထဲကနေပြီး... အနက်ရောင် ချပ်ဝတ်တန်ဆာတွေကို ဝတ်ဆင်ထားတဲ့ အရပ်ရှည်ရှည်နဲ့ သက်လတ်ပိုင်း လူကြီးတစ်ယောက်ဟာ လမ်းလျှောက်ပြီးမှ ထွက်လာခဲ့ပါတယ်။

သူ့ရဲ့ အနက်ရောင် ချပ်ဝတ်တန်ဆာဟာ သူ့ရဲ့ တစ်ကိုယ်လုံးကို ဖုံးအုပ်ထားခဲ့ပေမဲ့... သူ့ရဲ့ နှစ်မီတာ အမြင့်ရှိတဲ့ ကိုယ်လုံးကို လုံရုံလောက်သာ ဖုံးထားနိုင်ခဲ့တာပါ။ သူ့ဟာ အလင်းတန်းတွေရဲ့ အကြားကနေ ထွက်လာတဲ့ အခါမှာ... လူအုပ်ကြီးဟာ မအောင့်နိုင်ခဲ့ပဲ... အံ့အားသင့်စွာနဲ့ ပါးစပ်အဟောင်းသာ ဖြစ်သွားကြပါတယ်။

သူ့ရဲ့ အရေပြားဟာ ထူးခြားတဲ့ ခရမ်းရောင်တွေနဲ့ လက်နေခဲ့ပြီး... သူ့ရဲ့ ကြမ်းတမ်း ရှည်လျားတဲ့ ဆံပင်တွေဟာ ပုခုံးပေါ်ကို ဝဲကျနေခဲ့တယ်လေ။ သူ့ရဲ့ မုတ်ဆိတ်မွေးတွေကလည်း တိတိရိရိတဲ့ ညှပ်ထားတဲ့ ဓားကွေးတွေလို့ ညီညာနေခဲ့ကာ... ထူထဲပြီး ဒေါသကြီးပုံရတဲ့ မျက်ခုံးမွေးတွေကိုလည်း ပိုင်ဆိုင်ထားသေးတာပါ။
အထူးခြားဆုံး အရာကတော့... သူ့ရဲ့ ကိုယ်ခန္ဓာ မဟုတ်ခဲ့သလို.. သူ့ရဲ့ အကြည့်လည်း မဟုတ်ခဲ့ပါဘူး... သူ့ရဲ့ နဖူးကနေပြီး ထိုးထွက်နေခဲ့တဲ့ ဆင်စွယ်လိုမျိုး အစွယ်နှစ်ချောင်းပဲ ဖြစ်ပါတယ်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now