အပိုင်း ၂၃၀ : အစားပုတ်မွန်းစတားတစ်ကောင်ယုကျင်းတောင်ပေါ်မှာသောင်းကျန်းနေတယ်ဗျို့

406 53 2
                                    

အပိုင်း ၂၃၀ : အစားပုတ် မွန်းစတားတစ်ကောင် ယုကျင်းတောင်ပေါ်မှာ သောင်းကျန်းနေပါတယ်ဗျို့

ထွမ်းထွမ်းဟာ ယုကျင်းတောင်ထိပ်ပေါ်ကို ဆင်းသက်လိုက် အပြီးမှာ၊ သူမရဲ့ ဘေးပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပါတယ်။ သူမက ချက်ချင်းပဲ သွားရည်တွေ ယိုလာခဲ့ပါတယ်၊ "ဂလု၊ ငါက အိမ်မက်များ မက်နေတာလား? စားကောင်းသောက်ဖွယ်တွေ အများကြီးပဲ!"

တောက်တီတစ်ကောင်ရဲ့ မွေးရာပါ ပင်ကိုစွမ်းရည်ဟာ အရာအားလုံးကို ဝါးမျိုနိုင်ခြင်းပါပဲ။ ကွာခြားတာ တစ်ခုက အစာဟာ အရသာရှိသလား ဆိုတာနဲ့၊ သူ့ကို အစာချေလို့ ရနိုင်သလား၊ အစာမကြေ ဖြစ်စေနိုင်သလား ဆိုတာပါပဲ။

"သူက မစားနိုင်တဲ့အရာ" ဆိုလို့ တစ်ခုမှ မရှိပါဘူး။

ထွမ်းထွမ်းရဲ့ မျက်လုံးထဲမှာ ဆေးတောင်ကြားက စိတ်ဝိညာဉ် ဆေးပင်စိုက်ခင်း၊ ဇူရီရဲ့ သင်ကြားမှုကို သစ်ပင်အောက်မှာ နားထောင်နေကြတဲ့ တပည့်တွေ၊ မဟူရာကောင်းကင် ရတနာသစ်ပင်ရဲ့ အကိုင်းအခက်တွေနဲ့ ယုကျင်းတောင်ပေါ်က ကျောက်တုံးတွေတောင် သူမအတွက်တော့ မွှေးကြိုင်နေတဲ့ စားကောင်းသောက်ဖွယ်တွေသာ ဖြစ်ကြပါတယ်။

"လူသားတွေကို မစားတာကောင်းမယ်၊ မဟုတ်လို့ရှိရင် ငါ့ကိုတွေ့လိုက်တာနဲ့ အကုန်ထွက်ပြေး ကုန်ကြလိမ့်မယ်" ထွမ်းထွမ်းဟာ သူ့မရဲ့ သွားရေတွေကို သုတ်လိုက်ပြီး၊ လင်းဖုန်းကို တစ်ချက် ခိုးကြည့်လိုက်ပါတယ်။ ပြီးတာနဲ့ သူမဟာ ပျော်ရွှင်စွာနဲ့ အော်ဟစ်လိုက်ကာ၊ ဆေးတောင်ကြားက ဆေးစိုက်ခင်းဆီကို အပြေးလေး သွားလိုက်ပါတော့တယ်။

လင်းဖုန်းက သူ့ရဲ့ခေါင်းကို ခါလိုက်ကာ သူ့ရဲ့ အပြုံးတွေက ပျောက်ကွယ်သွားခဲ့ပါတယ်။ ရင်ထဲကနေ ယားကျိကျိနဲ့ ခံစားလိုက်ရကာ၊ တောင်ပေါ်မှာရှိတဲ့ လူအားလုံးကို စိတ်အာရုံနဲ့ ဆက်သွယ်လိုက်ပါတယ်။

"ငါ့ဆီမှာ စိတ်ဝိညာဉ် အိမ်မွေးတိရစ္ဆာန်  တောက်တီမလေး တစ်ကောင်ရှိတယ်။ သူက အခုတောင်ပေါ်မှာ သောင်းကျန်းနေတယ်။ နန်းဟွာနဲ့ ရှီးဟောင်တို့က ဝင်မပါနဲ့။ ရှောင်ယန်နဲ့ ကျန်တဲ့သူတွေက သူ့ကို အရှင်ဖမ်းရမယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now