အပိုင်း ၃၀၁ : ကျုပ်က ဖြေရှင်းချက်တစ်ရပ် လိုအပ်တယ်

Start from the beginning
                                    

မြူခိုးတိမ်တိုက်များသည် မလွင့်ပြယ်သွားသေးသော်လည်း၊ သူ၏ ပတ်ဝန်းကျင် လေဟာနယ်အား ထိန်းချုပ်နိုင်မှုမှာ သိသိသာသာကြီးကို အားနည်းသွားခဲ့သည်။

ရှောင်ပုတန်လေးက အားတက်သရောနှင့် အော်လိုက်သည်။ "ဒါက ဆရာ့ရဲ့ ကောင်းကင်၏ စည်းရိုးများ မဟုတ်လား?"

အစိမ်းရောင် မြူခိုးငွေ့များ၏ ပတ်ဝန်းကျင် လေဟာနယ်အား ထိန်းချုပ်ထားနိုင်စွမ်းတို့သည် ချက်ချင်းပင် ကွယ်ပျောက်သွားကြကာ၊ ရှောင်ပုတန်လေးအား ချုပ်နှောင်မထားနိုင်တော့ချေ။ ဗလာနတ္တိ အစိမ်းရောင် ဆေးမီးဖိုလေး၏ တုန်ခါမှုနှင့်အတူ၊ ရှောင်ပုတန်လေးသည် နားကွဲလုမတတ် ဟိန်းဟောက်မှုဖြင့် မြူခိုးတိမ်တိုက်များ အကြားမှ ခုန်ထွက်လာခဲ့သည်။

"လုပ်ကြံမှု ကျရှုံးသွားပြီ! နောက်ဆုတ်ကြစို့!" အစိမ်းရောင် ဝတ်စုံနှင့် သက်လတ်ပိုင်း လူကြီးသည် ချက်ချင်းတုံ့ပြန်လိုက်ကာ၊ နောက်ဆုတ်ရန် အမိန့်ပေးလိုက်သည်။

သူတို့သည် ရှောင်ပုတန်လေးအား အစိမ်းရောင် မြူခိုးငွေ့များ အကြားတွင် ပိတ်လှောင်ထားနိုင်ပါက၊ သူ့အား လုပ်ကြံသတ်ဖြတ်ရန် အခွင့်အရေး ရှိမည်ဖြစ်သည်။ သို့သော်လည်း ရှောင်ပုတန်လေးက လွတ်မြောက်သွားပြီ ဖြစ်သဖြင့်၊ သူက ထွက်ပြေးမည်ကြံလျှင် သူတို့အနေဖြင့် ဘာမှတတ်နိုင်တော့မည် မဟုတ်ပေ။

ထို့အပြင် ထိုနေရာသည် ဝေးလံခေါင်သီသော နေရာမဟုတ်ပေ။ မြောက်ပိုင်းလေပြင်း ပင်လယ်က အနီးအနားတွင်ပင် ရှိ၍ လင်းဖုန်းနှင့် အခြားအကြီးအကဲများကို မဆိုထားနှင့်၊ ရာနှင့်ချီသော ဟွမ်ဟိုင် စိတ်ဝိညာဉ် အစည်းအဝေးသို့ လာတက်ကြသော ကျင့်ကြံသူများက အနီးတွင်ပင်ရှိသည်။

သက်လတ်ပိုင်း ကျင့်ကြံသူ၏ အစိမ်းရောင် မြူခိုးငွေ့မှာ အသံများကို တားဆီးပေးနိုင်သော၊ အကျိုးသက်ရောက်မှု တစ်ခုလည်း ရှိသည်။ ယခုအချိန်တွင် ထိုအချက်မှာလည်း မရှိတော့သဖြင့်၊ သူတို့သည် နောက်ဆုတ်ရုံမှလွဲ၍ အခြားရွေးချယ်မှု မရှိတော့ပေ။

ရွှေရောင်ဗဟိုချက် အဆင့်မှ ကျင့်ကြံသူ လေးယောက်တို့အား အစိမ်းရောင် မြူခိုးငွေ့များနှင့် ရစ်ပတ်ခဲ့လိုက်၍၊ သူတို့ငါးယောက်သားတို့သည် မိုးကုတ်စက်ဝိုင်း အလွန်သို့ ချက်ချင်း ထွက်ပြေးသွားကြသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now