အပိုင်း ၂၉၇ : စိတ်ဓာတ်စစ်ပွဲများ

Start from the beginning
                                    

ဇူရီနှင့် ဟော်မင်တို့သည် ထိုသဘောတရားများကို နားလည်ထားကြသည်။ သို့သော်လည်း သူတို့သည် ပထမဦးဆုံး ကျောက်တုံးအား ဖြတ်တောက်သူ ဖြစ်ချင်နေကြသည်။ ဒါသည် သူတို့နှစ်ဦးအကြားမှ စိတ်ဓာတ်စစ်ပွဲကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။

သူတို့သည် ပထမ ဖြတ်တောက်မှုမှ ဘာကိုမှ မရခဲ့လျှင်၊ ဒုတိယတစ်ခေါက် ထပ်ကြိုးစားနိုင်ပေသည်။ သို့သော်လည်း ပထမဦးဆုံး အနေဖြင့်၊ သူတို့သည် ပြိုင်ဘက်အား ဖိအားပေးနိုင်ရန် အရှိန်အဟုန် လိုအပ်နေသည်။

ဇူရီသည် ဟော်မင်၏ လှံတံကို တည်ငြိမ်စွာနှင့် ရင်ဆိုင်နေခဲ့သည်။ သူ၏ ကိုယ်ပိုင်တီထွင်ထားသော အပေါ်ယံ ဓားလမ်းစဉ်သည်၊ ဓားချက်နှစ်ချက်ကို ခုတ်ပြီးသည်နှင့် ပြောင်းလဲသွားခဲ့သည်။ တစ်ခုသည် 'ခန်း' ဓားနည်းစနစ်ဖြစ်ပြီး၊ ကျန်တစ်ခုသည် 'တွေ့' ဓားနည်းစနစ်ဖြစ်သည်။ 'ခန်း'သည် အပေါ်တွင် နေခဲ့၍၊ 'တွေ့'သည် အောက်တွင် နေခဲ့သည်။

လူတစ်ယောက်သည် သူပြုလုပ်နေသော အရာများ အပေါ်တွင် ထိန်းချုပ်မှု ရှိရမည်။ ထိန်းချုပ်မှု ရှိမှသာလျှင်၊ လျှော်ကန်သင့်မြတ်စွာ ကျင့်ကြံနိုင်ပေမည်။

ထိန်းချုပ်မှုသည် ဆက်စပ်ပတ်သတ်မှုတို့အား မွေးဖွားပေးနိုင်သည်။ လုံလောက်စွာ ထိန်းချုပ်မှုရှိသော တိုင်းပြည်သည် တည်ငြိမ်မှုရှိ၍၊ ထိန်းချုပ်မှုကို လေ့ကျင့်ထားသော သူသည် ပြည့်စုံသူဖြစ်သည်။

ဇူရီ၏ 'ခန်း' နှင့် 'တွေ့' ဓားနည်းစနစ်တို့နှင့် ဖွဲ့စည်းထားသော 'ကျဲ' ဓားကွက်သည်၊ ဟော်မင်၏ ကြောက်မက်ဖွယ်ရာ အသူရာ ကမ္ဘာဖျက် ဓားသွားအား ထိန်းချုပ်လိုက်၍၊ သူ့အား နောက်ထပ် အကွက်များ ထပ်မထုတ်နိုင်ရန် တားဆီးလိုက်နိုင်သည်။

ဟော်မင်သည် ဇူရီအား သေချာစွာ စိုက်ကြည့်နေခဲ့သည်။ သူ၏အကွက်များအား မပြောင်းနိုင်မီမှာပင်၊ ဇူရီသည် သူ၏ဓားကို ရုပ်သိမ်းပြီး ဖြစ်သွားလေပြီ။ သူ၏ဓားကို ရုပ်လိုက်ပြီးနောက်၊ သူသည် မီးတောင်ကျောက်တုံးအား နှစ်ပိုင်း ပိုင်းခဲ့လိုက်သည်။

မီးတောင်ကျောက်တုံး၏ ဘယ်ဘက်အပိုင်းသည် သူ၏ စိတ်ဝိညာဉ် စွမ်းအင်များ ပျောက်ဆုံးသွားခဲ့ကာ၊ သာမန်ကျောက်တုံးအဖြစ် ပြောင်းသွားခဲ့သည်။ သူသည် ကျင့်ကြံသူ တစ်ယောက်၏ စူးစမ်းသော အသိစိတ်တို့အား ဝါးမျိုနိုင်ခြင်း မရှိတော့ပေ။ ညာဘက်ခြမ်းမှ မီးတောင်ကျောက်တုံးသည် သူ၏ စိတ်ဝိညာဉ် စွမ်းအင်တို့အား ထိန်းသိမ်းထားနိုင်ပြီး၊ ကျင့်ကြံသူတစ်ယောက်အား စူးစမ်းသည့် အသိစိတ်များကို ဆုံးရှုံးသွားစေနိုင်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now