အပိုင်း ၂၉၁ : ဉာဏ်နီဉာဏ်နက် ထုတ်ခြင်းနှင့် ဉာဏ်နီဉာဏ်နက်အား တန်ပြန်ခြင်း

Start from the beginning
                                    

ရှီဆောင်ချန်း၏ အလင်းရောင် နဂါးများနှင့် ကြုံတွေ့လိုက်ရသော်လည်း၊ ယွဲ့ဟုန်ယန်သည် တစ်စက်မှ ကြောက်ရွံ့နေခြင်း မရှိပေ။ သူမသည် သူမ၏ အနက်ရောင် လှံတံရှည်အား ဝှေ့ယမ်းလိုက်၍၊ ပြင်းထန်လှသော မှော်စွမ်းအင် တစ်စအား ဖောက်ခွဲလိုက်ကာ၊ အလင်းရောင် နဂါးတို့အား အနားမကပ်နိုင်စေရန် တားဆီးထားခဲ့သည်။

ရှီဆောင်ချန်းသည် အနည်းငယ် တုန်လှုပ်သွား၏။ "အရမ်းကို အားကောင်းတာပဲ။ သူမက ဒါတောင် အဝီစိ ငရဲမုန်တိုင်းကို မသုံးသေးဘူး။ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက သူတို့ကို ဒီလောက်စွမ်းအားကြီးအောင် ဘာတွေများ ကျွေးထားတာလဲ?"

သို့သော်လည်း ရှီဆောင်ချန်းသည် တုန်လှုပ်မသွားခဲ့ပေ။ သူသည် သူ၏ လက်နှစ်ဘက်မှ မှော်ကျိန်စာ နှစ်ခုအား တစ်ခုအဖြစ်သို စုပေါင်းလိုက်ကာ၊ ကြက်သွေးရောင်နှင့် အဝါရောင် နဂါးတို့အား ပေါင်းစည်းလိုက်သည်။ အဝါရောင် နဂါးသည် တဖြည်းဖြည်း အရောင်ဖျော့လာကာ၊ ကြက်သွေးရောင် နဂါး၏ စွမ်းရည်မှာ ထိုးတက်လာခဲ့သည်။

နောက်ဆုံးတွင် ကြက်သွေးရောင် နဂါး၏ အသွေးအသားများ၊ အရိုးများ၊ အကြေးခွံများ အားလုံးတို့သည် သိပ်သည်းလာကြသည်။ သူသည် ဝေဝါးနေသေးသော်လည်း၊ သူ၏ခန္ဓာကိုယ်သည် အချိန် အနည်းငယ်လေး အတွင်းမှာပင်၊ နောက်ထပ် အရှိတရား တစ်ခုအသွင် ပြောင်းလဲသွားခဲ့သည်။

မီးတောက်အော်ရာ တစ်ခုက ပေါ်ထွက်လာခဲ့သည်။ အလင်းရောင် နဂါးသည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ နဂါးအော်ရာ ရေးရေးလေး တစ်ခုက ထွက်ပေါ်လာခဲ့သည်။ ဒါသည် တကယ့်နဂါး အစစ်အမှန် တစ်ကောင်၏ အော်ရာဖြစ်သည်။

အပြင်မှ ကြည့်နေကြသော လင်းဖုန်းအပါအဝင် ကျန်သောသူများသည်၊ ခေါင်းများကို အသီးသီး ညိတ်လိုက်ကြသည်။

အပြာရောင်ခန်းမ သူတော်စင်က သက်ပြင်းတစ်ချက် ချလိုက်သည်။ "ဓာတ်ကြီးငါးပါးရဲ့ နောက်ဆက်တွဲ မျိုးကွဲတဲ့ မျိုးဆက်တွေ အထဲမှာ၊ အလယ်ပိုင်းက မြေကြီးဓာတ်က တောင်ပိုင်းရဲ့ မီးဓာတ်ကို မွေးဖွားလာစေခဲ့တယ်။ သူတို့အထဲမှာ စိတ်ဝိညာဉ် ဂုဏ်ရည် နှစ်ခုသာ ရှိသေးပေမဲ့၊ ပုံစံပြောင်းလဲခြင်း အချို့ကို လုပ်ဆောင်နိုင်ခဲ့တာပဲ"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now