အပိုင်း ၂၈၇ : သူတို့က မင်းဟာ ငရဲကလာတယ်လို့ ပြောကြတယ်!

Start from the beginning
                                    

သူသည် ဘာကောင်မျိုးပင် ဖြစ်နေပါစေ၊ ဟော်ချန်းသည် သာမန် အခြေခံအုတ်မြစ် အဆင့်မှ ကျင့်ကြံသူများထက် ပိုသည့် စိတ်ဓာတ်ကြံ့ခိုင်ခြင်းအား ပြသနိုင်သူ ဖြစ်သည်။ သူ၏ စွမ်းအားသာ လုံလောက်ခဲ့လျှင်၊ သူ၏စိတ်ဓာတ်သည် အဆင့် နောက်တစ်ဆင့်သို့ တက်နိုင်ရန် လုံလောက်နေပြီ ဖြစ်သည်။

မတိုက်ခိုက်မီက ခနဲ့တဲ့တဲ့နှင့် မခံချိ မခံသာအောင် ပြောခြင်းသည်၊ စိတ်ဓာတ်ရေးရာ စစ်ပွဲ ဆင်နွှဲခဲ့ခြင်း ဖြစ်သည်။ ယခုမူ ဝမ်လင်းက သူ၏အစွမ်းကို ပြသလိုက်ပြီ ဖြစ်သဖြင့်၊ ဟော်ချန်းသည် သူရဲဘော မကြောင်နေခဲ့ပဲ၊ သူ၏ဓားကို မြှောက်လိုက်ကာ ဝမ်လင်းထံသို့ ခုန်အုပ်လိုက်သည်။

"အသူရာ လူသတ်လမ်းစဉ်! အသူရာလျှပ်စီး!" ဟော်ချန်းက အော်လိုက်သည်။

သူ၏ မှော်စွမ်းအင်များသည် သူ၏ ဓားထိပ်ဖျားတွင် စုစည်းထားကာ၊ မိုးကြိုးတိမ်တိုက် တစ်ခုကဲ့သို့ ဝမ်လင်းထံ ပြေးဝင်လာခဲ့သည်။

"ဟေးဒီးစ် နတ်လက်ချောင်း! ပြန်သွားစမ်း!" ဝမ်လင်းက ပြန်လည်တိုက်ခိုက်လိုက်သည်။

သူ၏ လက်ချောင်းထိပ်မှနေ၍၊ ကောင်းကင်၊ မြေကြီး၊ လေပြင်း၊ မိုးကြိုး၊ ရေပြင်၊ မီးတောက်၊ တောင်တန်း၊ ရေအိုင်၊ ဓာတ်ရှစ်ပါးတို့သည် သူ့ခန္ဓာကိုယ် ပတ်ပတ်လည်တွင်၊ အလင်းတန်း စက်လုံးလေး အဖြစ်သို့ စုစည်းသွားကြသည်။

ထိုလည်ပတ်နေသော စက်လုံးလေး အတွင်းသို့ ဝင်လာခဲ့သော မိုးကြိုးတိမ်တိုက်လေးသည် ချက်ချင်းပင် ဝါးမျိုခံလိုက်ရကာ၊ ခေတ္တခဏ အတွင်းတွင် ပြန်ထွက်လာခဲ့၍ ဟော်ချန်းဆီသို့ အလွန်လျှင်မြန်သော အရှိန်ဖြင့် ပြန်လွင့်လာခဲ့သည်။
ဟော်ချန်း၏ တိုက်ခိုက်မှုအတိုင်း၊ သူ့ကိုပြန်လည် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ယခုအချိန်တွင် သူ၏ တိုက်ခိုက်မှုသည်၊ ဝမ်လင်း၏ ကိုယ်ပိုင်စွမ်းအင်များကိုပါ ထည့်ပေါင်းထားခြင်း ဖြစ်သဖြင့်၊ ယုံနိုင်ဖွယ် မရှိလောက်အောင် ကြောက်မက်ဖွယ် ကောင်းလှသည်။

ဟော်ချန်း၏ တိုက်ခိုက်မှု လမ်းစဉ်မှာ သတ်ဖြတ်ရန် တိုက်ခိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း ဝမ်လင်းမှာ နောက်ထပ်အဆင့် တစ်ခုသို့ ရောက်သွားခဲ့ပြီ ဖြစ်သည်။ သူသည် လုံးဝကို ဖယ်ရှား ဖျောက်ဖျက်ပစ်ရန် တိုက်ခိုက်ခြင်းဖြစ်သည်။ လူတစ်ယောက်အား သတ်ဖြတ်ခြင်းနှင့်၊ ကောင်းကင်နှင့် မြေကြီးတို့အား ဖျက်ဆီးပစ်ခြင်းသည် အဆင့်အတန်း ကွာခြားလှပေသည်!

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now