မောင့်ရဲ့ ဘေဘေး

Start from the beginning
                                    

"အဘက သူ့သားကို သမီးထက်ကို ချစ်တာနော်.... ဟွန့်....။"

ကျွန်မက သဘောမကျဟန်ရှိပြီး ပြောလိုက်လေတော့ အဘကပါ သဘောကျပြုံးလာသည်....။

"သမီးပျိုလည်း... ဥ,လေးကို အဘတို့ထက် ပိုချစ်တာပဲမလား??"

အဘ၏ အမေးစကားတစ်ခွန်းမှာတော့ ကျွန်မသဘောကျစွာ ပြုံးမိလိုက်သည်။ ခဏအကြာမှာတော့ အိပ်ရာမှထ,ပြီး မျက်နှာသစ်နေသည့် ဋီကာကို တစ်ချက်ကြည့်လိုက်သည်.....။

"အဲ့ဒီဥ,ဆိုတဲ့ ကလေးက..တကယ့်အူယားစရာလေးကို .....။"

ထိုအချိန်မှာတော့ အဘက ကျွန်မကို တစ်ချက်ကြည့်လာပြီး တစ်စုံတစ်ယောက်ကို ရှာဟန်ရှိနေသည့် ဋီကာကို တစ်ချက်ကြည့်ကာ....။


"မောင်ဋီကာ... ခဏ ဒီကိုလာခဲ့ပါဦးကွယ်....။"

အဘ ခေါ်သံကြားစဥ်မှာတော့ မောင်လေးဋီကာက အဘနှင့်ကျွန်တော် ရှိရာသို့ လာလေပြီ။ ကျွန်မနှင့်အဘအနား တိတ်တဆိတ်ဖြင့် ထိုင်လေပြီ။

"သမီးပျို...။ အဘ မောင်ဋီကာ့ကို ပြောစရာရှိတယ်...။"

ထိုအချိန်မှာတော့ ကျွန်မလည်း ခေါင်းကိုညိမ့်ကာ အဘတို့အနားမှ ထွက်ခဲ့လေပြီ။
အစ်မပျို ထွက်သွားပြီး သိပ်မကြာခင်မှာပဲ အဘက ကျွန်တော့်ကို တစ်ချက်မှကြည့်မလာသေးဘဲ......။

"ရည်းစားကို ဘာမှမစဥ်းစားဘဲ ဒဂ်ါးပေးလိုက်တဲ့ ဥအမိုက်အမဲလေးနဲ့က ဘာတွေမကြည်မဖြူ ဖြစ်နေကြတာလဲ?"

ထိုအချိန်မှာတော့ ကျွန်တော့်ဖြေသည့်အလှည့်မို့....။

"အဘ... သူက သားကို စိတ်ကောက်နေတာ။"

"ဟမ်? ဘာဖြစ်ကြတာတုံးကွယ်...။ ဥ,က အဲ့လိုမျိုး စိတ်ဆိုးခဲပါတယ်...။ မင်း ဘာတွေလုပ်လိုက်လို့လဲ??"

"ဒါနဲ့ အဘ... ကျွန်တော် သိချင်တာ တစ်ခုရှိတယ်။"

"အေး... မေးလေ... ဘာသိချင်တာရှိလို့လဲ??"

"ဟို... ဒီမေးခွန်းကြောင့် စိတ်တော့မကွက်ဖို့ မျှော်လင့်ပါတယ်။"

"မေးစရာရှိတာ မေးစမ်းပါ။ တွန့်ဆုတ် တွန့်ဆုတ်နဲ့ ဥ,အမိုက်အမဲယောကျာ်းဖြစ်ကတည်းက မင်းလည်း ဥ,အကျင့်တွေ ကူးနေတယ် ထင်တယ်။"

မယားတောသူ(complete)Where stories live. Discover now