အပိုင်း ၂၈၃ : အားလုံး၏ အာရုံစူးစိုက်မှုကို ဆွဲဆောင်ခြင်း

Start from the beginning
                                    

ကျူးကော်ဖန်းလင် သိထားသမျှဆိုလျှင်၊ နှစ်ယောက်ချင်း တိုက်ပွဲတွင်၊ သူတို့၏ ပြိုင်ဘက်များသည် အားနည်းသောသူကို အရင်ရှင်းပစ်၍ ပိုအားကောင်းသောသူကို ပြီးမှ ပစ်မှတ်ထားခြင်း ဖြစ်သည်။

ထို့ကြောင့် သူမ၏ အားနည်းချက်ကို အပြည့်အဝ သဘောပေါက်ထား၍၊ ကျူးကော်ဖန်းလင်သည် သူမကိုယ်သူမ သေချာစွာ ဖုံးကွယ်ထားခဲ့သည်။ သူမ၏ အကြီးမားဆုံး ကြောက်ရွံ့မှုမှာ ရှာဖွေတွေ့ရှိ ခံလိုက်ရပြီး၊ သူမပြိုင်ဘက်တို့၏ ရှင်းလင်းပစ်ခြင်းကို ခံရမည်ကိုဖြစ်သည်။

"ရွှေ၊ ငါက ချီဓာတ်ကို လုံးဝရုပ်သိမ်းလိုက်ပြီး ခန္ဓာကိုယ် တစ်ခုလုံးကိုလည်း ဆောင်းခိုသလိုမျိုး နေနေခဲ့ပြီး၊ မှော်စွမ်းအင် တစ်စလေးကိုမှ မထုတ်လွှတ်နေခဲ့ဘူး။ သူတို့က ငါ့ဆီက ရန်လိုမှု တစ်စွန်းတစ်စမှ ခံစားမိမှာ မဟုတ်ဘူး၊ ငါ့ရဲ့ ခန္ဓာကိုယ် အပူချိန်ကိုတောင်မှပေါ့! ဒီလိုမျိုးဆိုရင် ငါ့ကို ရှာတွေ့မှာ မဟုတ်နိုင်ဘူး၊ ဟုတ်တယ်မလား?" ကျူးကော်ဖန်းလင်သည် သူမ၏ ရွှေရှာကြွက်လေးကို ပြုံးရွှင်စွာနှင့် ပြောလိုက်သည်။

ရွှေရှာကြွက်လေးသည် သူမ၏ ပုခုံးပေါ်တွင် နေနေခဲ့ကာ၊ နဂိုက ထောင်ထောင်ထောင်ထောင် ရှိနေသော နားရွက်ကို ကုတ်ထားခဲ့သည်။ သူသည်လည်း သူ၏ချီဓာတ်ကို ဖုံးကွယ်ထားရန် ကြိုးစားနေခဲ့သည်။

သူသည် ကျူးကော်ဖန်းလင်၏ စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သော စကားကို ကြားလိုက်ချိန်တွင်၊ အလောတကြီး ပြန်ပြောလိုက်သည်။ "ရှူး၊ ဖန်းလင်၊ ပြိုင်ဘက်တွေရဲ့ ကျင့်ကြံမှု အဆင့်က ငါတို့ထက် အများကြီး မြင့်တယ်။ ငါတို့က လုံးဝ ဆက်သွယ်မှုတွေ မလုပ်ရင် အကောင်းဆုံးပဲ"

ကျူးကော်ဖန်းလင်သည်လည်း လေးနက်လာခဲ့ကာ ပြောလိုက်သည်။ "နင်ပြောတာမှန်တယ်၊ ငါက ပေါ့ဆသွားခဲ့တယ်"

ပြီးတာနှင့် သူမသည် ရွှေရှာကြွက်လေးနှင့် ဆက်သွယ်မှုများကို ဖြတ်တောက်လိုက်ကာ၊ သူမကိုယ်သူမ အကောင်းဆုံး ကြိုးစား၍ သက်မဲ့ကျောက်တုံး သို့မဟုတ် သစ်တုံးကြီးတစ်ခုပမာ ဟန်ဆောင်၍ နေခဲ့ပေတော့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now