အပိုင်း ၂၅၉ : အကွက်ဟောင်းကို ပြန်သုံးခြင်း

Start from the beginning
                                    

ကျူးကော်ဖန်းလင်၏ မျက်နှာပေါ်မှ အမူအရာတို့သည် အဆက်မပြတ် ပြောင်းလဲနေသော်လည်း၊ သူမ၏ မျက်နှာပေါ်တွင် ဆုံးဖြတ်ချက် ပြတ်သားသော အကြည့်တစ်ခုသည် ပေါ်လာခဲ့၏။ "ဘာပဲဖြစ်ဖြစ်ကွာ၊ ဒီလူက အန္တရာယ်ရဲ့ ရှေ့ပြေးနိမိတ်ပဲ ဖြစ်ဖြစ်၊ သူရဲ့အန္တရာယ်က သိပ်ကြီးမယ်လို့တော့ မထင်ပါဘူး"

"ဘယ်လိုပဲဖြစ်ဖြစ်၊ ငါကအခု လက်စားပြန်ချေမယ်လို့ ဆုံးဖြတ်လိုက်ပြီ" ကျူးကော်ဖန်းလင်သည် အားတက်သရောဖြင့် ပြောလိုက်၏။ "ငါက ဒီကစားပွဲမှာ လောင်းကြေးထပ်လိုက်ပြီ!"

ကောင်မလေးနှင့် သူမ၏ ကြွက်လေးတို့သည် တောအုပ်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားချိန်တွင်၊ လင်းဖုန်းသည် ပြုံးလိုက်၏။ "ကြည့်ရတာ ဒီကောင်မလေးက အကွက်ဟောင်းကို ပြန်သုံးချင်နေတဲ့ပုံပဲ"

သူသည် သူ၏မေးစေ့ကို ပွတ်သပ်နေခဲ့ရင်း၊ "ကြားဖြတ်ပြီးတော့ ရတနာတစ်ပါးကို ခိုးယူချင်နေတယ်?  ဘာရတနာ များပါလိမ့်?"

ကျူးကော်ဖန်းလင်သည် မည်သို့ ဉာဏ်နီဉာဏ်နက်များ ထုတ်လာမည်ကို၊ လင်းဖုန်းသည် အချိန်ကုန်ခံ၍ တွေးမနေခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူ၏အရှေ့တွင် ဘာပဲ ပေါ်လာပေါ်လာ၊ အလွယ်တကူ ထိပ်တိုက်ရင်ဆိုင်နိုင်၍ ဖြစ်သည်။

"မင်းကငါ့အပေါ်မှာ အမြတ်ထုတ်ချင်နေတာလား? မင်းက ရူးနေလို့ပဲ ဖြစ်မယ်" လင်းဖုန်းက သူ၏ခေါင်းကို ခါလိုက်ကာ ရယ်လိုက်သည်။ "မင်းက ဘယ်သူက ဘယ်သူ့ကို ထိန်းချုပ်နေတယ် ဆိုတာကို မသိဘူးပဲ"

လင်းဖုန်းသည် သူ၏ စိတ်အာရုံတို့ကို ဖြန့်ကြက်လိုက်ကာ အဝေးမှ နေရာတို့ကို အာရုံခံလိုက်၏။ မကြာမီတွင် သူ၏ စိတ်အမြင်ထဲတွင် မိစ္ဆာအုပ်စုကြီး တစ်စုတို့သည် ပေါ်လာခဲ့၏။

ထိုမိစ္ဆာအုပ်စုထဲတွင် အများစုသည် မိစ္ဆာအုပ်ချုပ်သူ အဆင့်သို့ ရောက်နေကြ၏။ ကြည့်ရတာ မိစ္ဆာကလန် တစ်အုပ်စုနှင့် တူနေ၏။

လင်းဖုန်းအား ပို၍ အံ့အားသင့်စေသည်မှာ၊ ထိုဧရာမ မိစ္ဆာကလန်ကြီး၏ မိစ္ဆာစွမ်းအင်တို့ကို လျှို့ဝှက်ထားနိုင်ခြင်း ဖြစ်သည်။ လင်းဖုန်းသည် သူ၏ပတ်ဝန်းကျင်တို့ကို အတော်ကြီး အာရုံစိုက်ကာ လေ့လာလိုက်မှ သူတို့အား အာရုံခံနိုင်ခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now