အပိုင်း ၂၅၀ : အင်မော်တယ် ဝိညာဉ်၏ စွမ်းအားများနှင့် ရင်ဆိုင်ခြင်း

Comincia dall'inizio
                                    

သူမ၏ဒိုင်းသည် အခြေတည်ဝိညာဉ် အဆင့်မှ ကျင့်ကြံသူများ၏ တိုက်ခိုက်မှုကိုပင် ကာကွယ်နိုင်သော်လည်း၊ ယွဲ့ဟုန်ယန်သည် သူမ၏ဒိုင်း ပျက်စီးသွားမည်ကို မလိုလားခဲ့ပေ။

ဝမ်ကျန်းနန်၏ ခရမ်းရောင် အဆောင်လက်ဖွဲ့ကို၊ ယွဲ့ဟုန်ယန်သည် တူညီသော ခရမ်းရောင် အဆောင်လက်ဖွဲ့ တစ်ခုနှင့် တုံ့ပြန်ခဲ့သည်။

ယွဲ့ဟုန်ယန်၏ ခရမ်းရောင် အဆောင်လက်ဖွဲ့သည် ကောင်းကင်ယံတွင် မိုးထိုးနေသော တောင်ကြီးတစ်လုံး အဖြစ်သို့ ပြောင်းသွားခဲ့သည်။ ဝမ်ကျန်းနန်၏ ခရမ်းရောင် အဆောင်လက်ဖွဲ့မှ ဖန်ဆင်းထားသော သေစေနိုင်သည့် လျှပ်စီးမိုးကြိုး ပစ်ချက်များကို ခေါင်းမာစွာဖြင့် ခုခံနေခဲ့သည်။

နောက်ဆုံးတွင် တောင်ကြီးမှာ အစိတ်စိတ် အမြွှာမြွှာ ကြေမွသွားခဲ့သလို၊ မိုးကြိုးလျှပ်စီးတို့သည်လည်း အားကုန်သွားခဲ့သည်။

ယွဲ့ဟုန်ယန်က အတားအဆီးများ အားလုံးကို မှဲ့တစ်ပေါက်မှ မစွန်းပဲ ကျော်ဖြတ်လာသည်ကို ကြည့်လိုက်ကာ၊ ဝမ်ကျန်းနန်သည် ဒေါသထွက်လွန်း၍ ဘာမှမပြောနိုင် ဖြစ်နေခဲ့သည်။ ဤအချိန်တွင် ရက်စက်သော လေဟာနယ်ကို ဖျက်ဆီးသော လှံတံနည်းစနစ်သည် သူ၏အရှေ့ကို ရောက်လာခဲ့သည်။

"အရှင်မင်းသား၊ ကျွန်တော့်ကို ကယ်ပါဦး!" ဝမ်ကျန်းနန်သည် အသားကုန် အာခေါင်ကို ခြစ်၍ အော်လိုက်သည်။

ချုံးယွင်မင်းသား၏ မျက်ခုံးအစုံမှာ တွန့်သွားခဲ့သည်။ သူသည် ဝမ်ကျန်းနန်အား သဘောမကျသော်လည်း၊ နောက်ဆုံးတွင် သူသည် သူ၏ နောက်လိုက်ဖြစ်သည်။ အကယ်၍ ဝမ်ကျန်းနန်သည် ဤကဲ့သို့ အသတ်ခံလိုက်ရလျှင်၊ ချုံးယွင်မင်းသားသည်လည်း အရှက်ရပေလိမ့်မည်။

ဤကဲ့သို့ တွေးလိုက်ပြီး ယွဲ့ဟုန်ယန်၏ တိုက်ခိုက်မှုကို တားဆီးရန် ရည်ရွယ်၍၊ သူ၏လက်ကို အနည်းငယ် မြှောက်လိုက်သည်။

ရှောင်ယန်ကလည်း ဤအရာကို တွေ့နေခဲ့ကာ အေးစက်စက်ဖြင့် ရယ်လိုက်သည်။ သူ၏ မျက်လုံး အစုံမှနေ၍ တောက်ပသော မီးလျှံများသည် ရုတ်တရက် လင်းလက်လာခဲ့သည်။ အကြွင်းမဲ့မီးတောင် နှစ်ခု၏ ဖိအားတို့ကြောင့် ချုံးယွင်မင်းသားသည် ခေတ္တမျှ စိတ်ပျံ့လွင့်သွားခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeDove le storie prendono vita. Scoprilo ora