အပိုင်း ၂၄၇ : တစ်ဦးတည်း အကြာကြီး ပြောနေခြင်း

Start from the beginning
                                    

သို့သော်လည်း သူသည်ပင်လျှင် ဤတိုက်ပွဲကို ရပ်တန့်နိုင်မည် မဟုတ်ချေ။ သူမည်သို့ပင် ကြိုးစားကြိုးစား၊ အချည်းနှီးပင် ဖြစ်ပေလိမ့်မည်။

ရှောင်ယန်၏ ရင်ထဲတွင် မည်ကဲ့သို့ တွေးနေမှန်းကို မသိသော်လည်း၊ လင်းဖုန်းသည် ရှောင်ယန်၏ နေရာမှ ရယ်စရာ အနေနှင့် တွေးနေမိသည်။

"ငါက ဒီအခွင့်အရေးကို သုံးနှစ်တိုင်တိုင် စောင့်နေရတယ်။ ဒါက ငါပိုတော်တယ်ဆိုတာကို ပြချင်လို့ မဟုတ်ပဲ၊ ငါဆုံးရှုံးခဲ့ရတဲ့ အရာကို ပြန်ယူချင်လို့ပဲ"

"ဒါက မင်းစိတ်ထဲက အတွေးနဲ့ နီးစပ်တယ် မဟုတ်လား?" ကျင့်ဝတ်သိက္ခာ ကင်းမဲ့သော ဆရာသည် ရှောင်ယန်တို့ အုပ်စုက ကျောက်ယန်တို့ဆီကို သွားနေသည်ကို ကြည့်လိုက်ရင်း တွေးနေခဲ့သည်။

ကျောက်ယန်၏ အနောက်တွင် အလင်းဓားမြန်ဂိုဏ်းမှ ဓားကျင့်ကြံသူ အများအပြားတို့ ရပ်နေကြ၏။ သူတို့သည် ရွှေရောင်ဗဟိုချက် နောက်ဆုံး အဆင့်မှ ကျင့်ကြံသူများ ဖြစ်ကြကာ၊ သူတို့၏ ဆေးလုံးများမှာ ခရမ်းရောင်အဆင့်အတန်း ဖြစ်ကြပြီး သူတို့၏ အသက်များမှာလည်း ငယ်ကြသေး၏။

ထိုသူတို့မှာ အလင်းဓားမြန်ဂိုဏ်း၏ အထူးချွန်ဆုံး လူငယ်ခြေတက်များ ဖြစ်ကြပေမည်။

အကယ်၍ မမျှော်လင့်သော အဖြစ်အပျက်များ မဖြစ်ခဲ့လျှင်၊ မုယုံယန်ရန်သည် အနာဂတ်တွင် သူတို့၏ ခြေရာကို နင်းနိုင်မည်ဖြစ်သည်။ ထို့ကြောင့်လည်း အလင်းဓားမြန်ဂိုဏ်းက သူမကို အလေးထားနေရခြင်း ဖြစ်သည်။

ယခုကဲ့သို့ ပင်ကိုစွမ်းရည်နှင့် အလားအလာများရှိသော တပည့်များသည် ယခုအချိန်တွင် ဂိုဏ်း၏ အခြေခံ အုတ်မြစ်များ ဖြစ်သလို၊ အနာဂတ်၏ ထောက်တိုင်များလည်း ဖြစ်သည်။

ထိုတပည့်များ ထုတ်လွှတ်နေသော အော်ရာများသည် သာမန် ဓားကျင့်ကြံသူများ၏ အော်ရာများနှင့် မတူပေ။ သာမန်သူတို့၏ အော်ရာများမှာ ခက်ထန်၍ စူးရှသော အလင်းတန်းနှင့် တူကာ၊ သူတို့မှာကား ကြည့်နေသူတို့ကို ရှုပ်ထွေးစေသည့် လွင့်မျောနေသော တိမ်တိုက်တို့နှင့် တူသော အနှစ်သာရတို့ကို ပိုင်ဆိုင်ထား၏။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now