အပိုင်း ၂၄၀ : စိတ်ဝင်စားစရာ တစ်စုံတစ်ခု

Start from the beginning
                                    

သူမရဲ့ လက်ထပ်ပွဲကနေ ထွက်ပြေးခဲ့ခြင်းဟာ၊ သူမရဲ့ မိသားစု အပေါ်ကို သက်ရောက်မှု ကြီးကြီးမားမား ဖြစ်စေနိုင်တယ် ဆိုတာကို စဉ်းစားဖို့ မေ့နေခဲ့ပါတယ်။

သူမရဲ့ စိတ်ထဲကနေ ဝမ်းနည်းကြေကွဲမှုတွေဟာ ထိုးတက်လာခဲ့ပြီး၊ သက်ပြင်းတစ်ချက်ကို အကြီးကြီး ချလိုက်ပါတယ်။ "ဒါက ငါ့ရဲ့ ကံကြမ္မာပဲလား? ဒီကနေ လွတ်မြောက်ဖို့ နည်းလမ်း မရှိတော့ဘူးလား?"

လင်းဖုန်းက မုယုံယန်ရန်ကို တိတ်ဆိတ်စွာနဲ့ အကဲခတ်နေခဲ့ပြီး၊ သူရဲ့စိတ်ထဲကနေ နှုတ်ခမ်းတွေကို တွန့်နေခဲ့ပါတယ်။

သူမရဲ့ အကျပ်အတည်းတွေကို ရှုထောင့်နှစ်မျိုးကနေ ရှုမြင်နိုင်ပါတယ်။ အကောင်းဘက်ကနေ ကြည့်ရရင်၊ သူမဟာ လွတ်လပ်မှုကို မြတ်နိုးပြီး မှီခိုလိုမှု ကင်းမဲ့ကာ သူမကိုယ့်ကိုယ် ဆုံးဖြတ်ချက်တွေကို ချလိုသူ ဖြစ်ပါတယ်။

အခြားတစ်ဘက်မှာတော့၊ သူမဟာ မုယုမိသားစုရဲ့ အဖိုးတန်သမီး အဖြစ်နဲ့ရော အလင်းဓားမြန်ဂိုဏ်းရဲ့ အထူးတပည့် အဖြစ်နဲ့ပါ၊ လူအတော်များများက အိမ်မက်မက်ရုံသာ တတ်နိုင်တဲ့ အခွင့်အရေး၊ အဆင့်အတန်းနဲ့ အရင်းအမြစ်တွေ မြောက်မြားစွာကို ရရှိခဲ့ပေမဲ့၊ သူမဟာ ဒါတွေအတွက် ပြန်လည်ပေးဆပ်လိုခြင်း မရှိခဲ့ပါဘူး။

သာမန်ကမ္ဘာမှပဲ ဖြစ်ဖြစ်၊ ကျင့်ကြံမှု ကမ္ဘာမှာပဲ ဖြစ်ဖြစ်၊ ကြိုတင် စီစဉ်ထားတဲ့ လက်ထပ်ပွဲ၊ ဒါမှမဟုတ် နာမည်ကြီး မိသားစုတွေ၊ ဂိုဏ်းတွေရဲ့ အကြားမှာ မဟာမိတ်ဖွဲ့တဲ့ အနေနဲ့ လက်ထပ်ပွဲတွေဟာ အထူးအဆန်း မဟုတ်လှပါဘူး။

ကိုယ်စိုက်ပျိုးတဲ့ အရာကို ကိုယ်ပြန်ရိပ်သိမ်းရတယ် ဆိုတဲ့ စကားရှိပါတယ်။ တခြား စကားလုံးတွေနဲ့ ပြောရရင်၊ တစ်ယောက်ဟာ ကိုယ့်အပေါ်ကို ချီးမြှင့်ထားတဲ့ အခွင့်အရေးတွေအတွက်၊ ပြန်လည်ပေးဆပ် ရမှာပဲ ဖြစ်ပါတယ်။

မုယုံယန်ရန်ဟာ သူမရဲ့ မိသားစုနဲ့ ဂိုဏ်းတွေက စီစဉ်ပေးတဲ့ လက်ထပ်ပွဲတွေကို မနှစ်မြို့ပါဘူး။ ဒါပေမဲ့လည်း သူမက သူမဟာ မုယုံမိသားစုရဲ့ အဖိုးတန်သမီး ဖြစ်ပြီး၊ အလင်းဓားမြန်ဂိုဏ်းရဲ့ အထူးတပည့် တစ်ယောက် ဖြစ်ခြင်းကြောင့်၊ ဒီလိုမျိုး အထူး အခွင့်အရေးမျိုးကို ခံစားရတယ် ဆိုတာကို မေ့နေခဲ့ပါတယ်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now