အပိုင်း ၂၄၀ : စိတ်ဝင်စားစရာ တစ်စုံတစ်ခု

Start from the beginning
                                    

"ကျွန်.. ကျွန်မက အရှင်ဘာပြောနေသလဲ ဆိုတာတွေကို မသိပါဘူး" မုယုံယန်ရန်က သူမရဲ့ ခေါင်းကို ငုံ့ထားလိုက်ပါတယ်။

လင်းဖုန်းရဲ့ နှုတ်ခမ်းထောင့်စွန်းတွေဟာ သိမ်မွေ့သော အပြုံးတစ်ခုအဖြစ်ကို ပြောင်းသွားခဲ့ပြီး၊ သူ့ရဲ့ လေသံဟာ နွေးထွေးပြီး ချစ်ခင်နှစ်သက်ဖွယ် ကောင်းလှပါတယ်။ ဒါပေမဲ့လည်း သူပြောတဲ့ စကားလုံးတိုင်းဟာ၊ မုယုယန်ရန်ကို ကျောရိုးတစ်လျှောက် စိမ့်သွားစေခဲ့ပါတယ်။

"မင်းက မင်းရဲ့ မိသားစုနဲ့ ဂိုဏ်းကို အရှက်မရစေဖို့၊ ငါ့တပည့်ရဲ့ အစေခံ ဖြစ်မှာကို လက်မခံနိုင်ဘူး။ ဒါပေမဲ့ မင်းက နောက်ဆက်တွဲတွေကိုရော စဉ်းစားမိရဲ့လား? မင်းက စီစဉ်ထားတဲ့ လက်ထပ်ပွဲကနေ ရှောင်ပြေးလိုက်ရင်၊ မင်းတို့ရဲ့ အလင်းဓားမြန်ဂိုဏ်းနဲ့ တခြားတစ်ဘက်က သူတွေရဲ့ ဆက်ဆံရေးက ညှိနှိုင်းလို့ မရအောင် မပျက်ဆီးသွားနိုင်ဘူးလား?"

"စူတောင်ဓားဂိုဏ်းဆိုရင်တော့ ကိစ္စသိပ်မရှိသေးဘူး။ ဒါပေမဲ့လည်း အခြားတစ်ဘက်က မဟာချင် အင်ပါယာက ဆိုရင်တော့၊ မင်းရဲ့ လုပ်ဆောင်ချက်တွေက မင်းရဲ့မိသားစု တစ်ခုလုံးကို ပျက်ဆီးခြင်းတွေ ဖြစ်စေလိမ့်မယ်။ ငါမှတ်မိတာက မမှားခဲ့ရင်၊ မုယုံမိသားဟာ မဟာချင် အင်ပါယာထဲမှာ မိသားစုကြီး လေးခုထဲမှာ မပါပေမဲ့၊ သူ့ရဲ့ ဂုဏ်သိက္ခာကလည်း မသေးလှဘူး"

"ပြီးတော့ မင်းတို့ရဲ့ မိသားစုရဲ့ ဂေဟာက မဟာချင် အင်ပါယာရဲ့ မြို့တော် ရှီးလင်မြို့ အတွင်းမှာ ရှိနေပြီး၊ မဟာချင် ဧကရာဇ်ရဲ့ မျက်စိအောက်မှာတင် ရှိနေတာ"

မုယုံယန်ရန်ရဲ့ တစ်ကိုယ်လုံးဟာ အဆက်မပြတ် တုန်ခါလာခဲ့ပြီး၊ သူမရဲ့ မျက်စိထဲမှာ ကြယ်တွေ မြင်လာခဲ့ပါတော့တယ်။ အစပထမမှာ သူမရဲ့ စိတ်တွေဟာ ရှုပ်ထွေးနေခဲ့ကာ၊ သူမရဲ့ စိတ်ထဲမှာ လက်ထပ်ပွဲကနေ ရှောင်ရှားပြီး ရှင်းယွင်တောင်ကနေ ဝေးနိုင်သလောက် ဝေးအောင် ထွက်ပြေးချင်နေခဲ့တာပါ။ သူမဟာ သူမလက်ထပ်ရမယ့်သူက မဟာချင် အင်ပါယာရဲ့ အိမ်ရှေ့စံမင်းသား ဖြစ်တဲ့၊ ချုံးယွင်ဖြစ်တယ် ဆိုတာကို စဉ်းစားဖို့ မေ့နေခဲ့ပါတယ်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now