အပိုင်း ၂၃၀ : အစားပုတ်မွန်းစတားတစ်ကောင်ယုကျင်းတောင်ပေါ်မှာသောင်းကျန်းနေတယ်ဗျို့

Start from the beginning
                                    

ဘယ်သူက သိမှာလဲ၊ ထွမ်းထွမ်းရဲ့ မျက်လုံးတွေဟာ တောက်ပလာခဲ့ကာ ဆေးစိုက်ခင်းကို လက်လွှတ်လိုက်ပါတယ်။ သွားရေတစ်မြားမြားနဲ့ ယန်ချင်ကို စိုက်ကြည့်နေခဲ့ကာ၊ "ငါ့ကို လိမ်ထားတာတော့ မဟုတ်ဘူးပဲ။ မဟာလမင်း အကြွင်းမဲ့ရေက တကယ်ကို ရှိတာပဲ!"

တောက်တီမလေးဟာ ဘာမှ အားမနာနေခဲ့ပဲ၊ သူမရဲ့ ပါးစပ်သေးသေးလေးကို ဟလိုက်ကာ အဆုံးမရှိတဲ့ တွင်းနက်တစ်ခုအတိုင်း၊ ယန်ချင်ရဲ့ မဟာလမင်း အကြွင်းမဲ့ရေကို သူမရဲ့ အစာအိမ်ထဲကို မျိုချလိုက်ပါတယ်။

ယန်ချင်က အံ့ဩတုန်လှုပ်သွားခဲ့ကာ သူ့ရဲ့ မဟာလမင်း အကြွင်းမဲ့ရေကို လျှင်မြန်စွာနဲ့ ရုပ်သိမ်းလိုက်ပါတယ်။
"ဒီလောက်ပဲလား?" ထွမ်းထွမ်းဟာ အားမရလှစွာနဲ့ ကျယ်လောင်စွာ အော်ဟစ်လိုက်ပါတယ်။ သူမဟာ ယန်ချင်ရှေ့ကို ပျံသန်းသွားခဲ့ကာ ခက်ထန်စွာနဲ့ ပြောလိုက်ပါတယ်၊ "ရှိသေးလား? ရှိသေးရင် ထပ်ထုတ်လိုက်စမ်း!"

ယန်ချင်ဟာ ထွမ်းထွမ်းကို ထူးဆန်းတဲ့ မျက်နှာထားနဲ့ ကြည့်နေခဲ့ပြီး၊ ထွမ်းထွမ်းရဲ့ စကားလုံးတွေထဲမှာ ဟာကွက်တစ်ခုကို တွေ့လိုက်ပါတယ်။

သူက သတိထားပြီးမှ ပြန်ဖြေလိုက်ပါတယ်၊ "မရှိတော့ဘူး။ ဒါက ငါ့မှာရှိတာ အကုန်ပဲ"

ထွမ်းထွမ်းဟာ မပျော်မရွှင် ဖြစ်လှစွာနဲ့ အော်ဟစ်လိုက်ပါတယ်၊ "ဘာဖြစ်လို့ ဒီလောက်နည်းရတာလဲ? ပလုတ်ကျင်းဖို့တောင် မလောက်ဘူး"

ယန်ချင်က သူ့ရဲ့ ချွေးအေးတွေကို သုတ်လိုက်ပြီး ကသိကအောက် ဖြစ်လှစွာနဲ့ ပြုံးလိုက်ပါတယ်၊ "ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ မပြည့်စုံတဲ့ ဧည့်ခံမှုကို ခွင့်လွှတ်ပေးပါ"

"အာ၊ ဒါက တကယ့်ကို သန့်စင်တဲ့ တောက်တီမျိုးဆက်ပဲ" ဆေးတောင်ကြားရဲ့ အဝမှာ ကြီးမားတဲ့ ပုံရိပ်တစ်ခုဟာ ပေါ်လာခဲ့ကာ လူပုံစံကို ပြောင်းသွားပါတယ်။ ဒါကတော့ မဟူရာနဂါး ကျဲယုပဲ ဖြစ်ပါတယ်။ သူဟာ ထွမ်းထွမ်းကို မှင်သက်စွာနဲ့ အကဲခတ်နေခဲ့ကာ၊ "သခင်က တကယ်ပဲ တောက်တီတစ်ကောင်ကို စိတ်ဝိညာဉ် အိမ်မွေးတိရိစ္ဆာန်အဖြစ်နဲ့ မွေးထားတာပဲ"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now