အပိုင်း ၂၃၀ : အစားပုတ်မွန်းစတားတစ်ကောင်ယုကျင်းတောင်ပေါ်မှာသောင်းကျန်းနေတယ်ဗျို့

Start from the beginning
                                    

"ဒါက မင်းတို့ကို ဆရာပေးတဲ့ အိမ်စာလို့ သဘောထားလိုက်ကြပေါ့ကွာ"

အကုန်လုံးကလည်း တပြိုင်နက်ထဲ ခေါင်းညိတ်လိုက်ကြပါတယ်။ ရှောင်ယန်တို့တတွေက လျှင်မြန်စွာနဲ့ စတင်လှုပ်ရှားလိုက်ကြပါတယ်။

တစ်ယောက်မှ မကြည့်နေချိန်မှာ လင်းဖုန်းက ကောက်ကျစ်စွာနဲ့ ပြုံးလိုက်ပါတယ်၊ "မင်းတို့ သိထားရမှာက ဒီကမ္ဘာကြီးမှာ ထူးခြားတဲ့ အရာတွေနဲ့ သန်မာတဲ့သူတွေ အများကြီးရှိတယ် ဆိုတာပဲ။ မင်းတို့ရဲ့ သတိကို ဘယ်အခါမှ လွတ်လို့မဖြစ်ဘူး"

ရှေးပဝေသဏီက မိစ္ဆာသားရဲ လေးကောင်ထဲမှာ၊ တောက်တီဟာ တစ်ကောင် အပါအဝင် ဖြစ်ပါတယ်။ သူ့ရဲ့ မွေးရာပါ စွမ်းရည်ဟာ စွမ်းအားထက်တဲ့ အရာအားလုံးကို တစ်ခုမကျန် ဝါးမျိုနိုင်ခြင်းပဲ ဖြစ်ပါတယ်။

ထွမ်းထွမ်းဟာ မိစ္ဆာအုပ်ချုပ်သူ အထွတ်အထိပ် အဆင့်မှာသာ ရှိသေးပြီး၊ မိစ္ဆာဝိညာဉ်ကို မဖော်ဆောင်ရသေးပဲ မိစ္ဆာသခင် အဆင့်ကို မရောက်သေးပေမဲ့၊ သူမဟာ ဂန်ဂျင် ကျားဘုရင်ရဲ့ ခန္ဓာကိုယ်နဲ့ မဟာသူရိယ အကြွင်းမဲ့ မီးတောက်ကို ရရှိထားတာ ဖြစ်ပါတယ်။ သူမရဲ့ ပင်ကိုစွမ်းရည်တွေနဲ့ ပေါင်းလိုက်ရင်၊ သူမဟာ တကယ့်ထိပ်သီး အဆင့်က မိစ္ဆာအုပ်ချုပ်သူတွေ အထဲမှာ ပါပါတယ်။

သာမန် မိစ္ဆာသခင်ဟာ ထိုက်တန်တဲ့ပြိုင်ဘက် မဟုတ်နိုင်ပေမဲ့၊ ရှောင်ယန်တို့ အုပ်စုအတွက်ကတော့ သူတို့ရဲ့ စွမ်းရည်တွေကို လေ့ကျင့်ဖို့ အခွင့်ကောင်းတစ်ခု ဖြစ်ပါတယ်။

လင်းဖုန်းက အားရပါးရ ပြုံးဖြဲနေခဲ့ပါတယ်၊ 'ကောင်စုတ်လေးတွေ၊ မင်းတို့ရဲ့ ရန်သူကို အထင်မသေးရဘူးကွ၊ နို့မဟုတ်လို့ရှိရင် ခံစားသွားရမယ်"

ထွမ်းထွမ်းရဲ့ ပထမ ပစ်မှတ်ဟာ ဆေးစိုက်ခင်းပဲ ဖြစ်ပါတယ်။ ဆေးစိုက်ခင်းမှာ တာဝန်ကျနေတဲ့ ယန်ချင်ဟာ၊ ထွမ်းထွမ်းကို ဦးစွာတွေ့တဲ့သူပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ကျင့်ကြံမှု အဆင့်ဟာ အခြေခံအုတ်မြစ် အလယ်အလတ် အဆင့်မှာသာ ရှိသေးတဲ့ အတွက်ကြောင့်၊ သူဟာ ထွမ်းထွမ်းကို လုံးဝ လျှော့မတွက်ရဲခဲ့ပါဘူး။ သူက သူထိန်းချုပ်နိုင်တဲ့ မဟာလမင်း အကြွင်းမဲ့ရေကို တိုက်ရိုက်ပဲ ထုတ်လွှတ်လိုက်ပါတယ်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now